Tuesday, August 7, 2012

အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို

Ever November | 8/07/2012 12:58:00 PM | Best Blogger Tips
 
အသက်ကြီးမှအိမ်ထောင်ကျသူများအနေဖြင့်ကလေးယူရာတွင်အခက်အခဲများဖြစ်ပေါ်ပြီးအသက်အန္တရာယ်
ရှိသည့်အုပ်စုအတွင်းသို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောဆိုကြသည်။
သက်ကြီးမိခင်မှ မွေးဖွားလာသည့်ကလေးများအနေဖြင့်လည်း မိခင်ထံမှလွယ်ကူစွာ ရောဂါကူးစက်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။
အသက်(၃ဝ)ကျော် အမျိုးသမီးများအနေဖြင့် ကလေးမွေးဖွားရာ၌နို့ကင်ဆာ၊သားအိမ်ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ အစရှိသော ရောဂါများဖြစ်ပေါ်နိုင်ပြီး ကလေးတွင်လည်း မိဘမှတဆင့် မွေးရာပါမျိုးရိုး ဗီဇရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်သည်။
အသက်ကြောင့်ပေါ့နော်၊ဆိုးကျိုးတွေ ပိုဖြစ်နိုင်ချေများတယ်၊ အသက်ကြီးမှ ကလေး မွေးမယ်ဆိုရင် လူကြီးအတွက်လည်း မကောင်းနိုင်ဘူး၊ ကလေးအတွက်လည်းမွေးရာပါရောဂါတွေပါလာနိုင်တယ်၊ ဒါ့ကြောင့် ဆေးပညာရှုထောင့်အရဆိုရင် အမျိုးသမီးတွေ အသက်(၂၄)မှ (၂၈)ထိကို သားသမီးယူဖို့ အကောင်းဆုံးပဲ၊ ၃၅ နှစ်လောက်ဆိုရင်လည်း ကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး၊ အန္တရာယ်ရှိနိုင်ပါတယ် ’’ ဟုအလုံမြို့နယ်၊ဝင်းဆေးခန်းမှ   ဒေါက်တာမြင့်ဦးက ပြောသည်။
     
အမျိုးသမီးများသည် အပျိုဖော်ဝင်စအချိန်မှစ၍ သွေးဆုံးချိန်အထိ မျိုးဥပေါင်း(၅ဝဝ)ကျော် ရှိပြီး မျိုးဥသည် တစ်လလျှင်တစ်လုံးနှုန်းဖြင့် ကြွေတတ်ကြောင်း၊ထိုသို့ကြွေလာရာမှ နှစ်ပေါင်း(၄၅)နှစ်ကြာသောအခါ ကြွေ
စရာမျိုးဥ မရှိတော့သောကြောင့် သက်တမ်းရင့်  (နှစ်-၃ဝ/၄ဝ ကျော်)လာသည့်မျိုးဥနှင့် ကလေးစပ်မည်ဆိုပါကကလေးတွင်မျိုးရိုးဗီဇ ကြောင့်ဖြစ်သောရောဂါများလွယ်လွယ်ကူကူဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
  
အညာဘက်တွေ၊တောဘက်တွေမှာဆို ပိုဆိုးသေးတယ်၊ အသက်ကြီးမှ ကလေးမွေး၊ မွေးတော့လည်း   တောအရပ်တွေဆိုတော့ ဆေးဝါးတွေက ပြည့်စုံမှုမရှိလို့ အသက်ဆုံးရှုံးရတဲ့ မိခင်တွေ၊ကလေးတွေ အများကြီးရှိပါတယ်၊ ဒါကြောင့် အသက်ကြီးမှ ကလေး မွေးမယ်ဆိုရင်လည်း မမွေးခင် ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ ပြသပြီး မွေးရင်လည်း အရပ်လက်သည်တွေနဲ့ မမွေးပဲနဲ့ဆေးရုံကြီးမှာမွေးသင့်ပါတယ်’’ဟုသားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။
အသက်(၃၅)နှစ်အထက်မှ အိမ်ထောင်ကျပြီး ကလေးယူလိုသူများအနေဖြင့် ကျန်းမာရေး အမြဲစစ်ဆေးရန် လိုအပ်ကြောင်း၊ကလေးမယူခင်၌မျိုးရိုးဗီဇအထိ စစ်ဆေးသင့်ကြောင်း၊မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကျွမ်းကျင်သော သားဖွားမီးယပ်နှင့် ပြသ၍ ဆေးဝါးကိရိယာများ စုံလင်သည် ဆေးရုံကြီးများ၌မွေးဖွားသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောဆိုကြသည်။
ယမင်း(မြစ်မခ)
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1