Wednesday, August 22, 2012

Developer တွေသိထားသင့်တဲ့ Android ရဲ့ Screen density

Ever November | 8/22/2012 02:09:00 PM | Best Blogger Tips

Android OS သည် mobile နည်းပညာ တိုးတက်မှုထံ ထူးခြားသော လုပ်ဆောင် မှုဖြင့် ချဉ်းကပ်ခဲ့ပြီး  ကွဲပြားခြားနားသော device များ၏ မတူညီသော pixel အရွယ်အစားများကို အဆင်ပြေပြေ လက်ခံနိုင်ရန် တည်ဆောက် ထားသည်။ ထိုကဲ့သို့ device များ၏ မတူညီသော pixel များသည် OS အားကောင်းကောင်း အနှောင့်အယှက်ပေးနိုင်သော အချက် ဖြစ်သည်။
ထို့ကြောင့် Apple သည် ထိုပြဿနာအား ရှောင်လွှဲနိုင်ရန်အတွက် တစ်ကြိမ်တွင် model တစ်မျိုးသာ ထုတ်လုပ်ခြင်းဖြစ်သလို ၎င်း၏ OS အား အခြား ထုတ်လုပ်သူများအား ပေးမသုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းထုတ်လုပ်သူများနှင့် ဂရပ်ဖစ်ဒီဇိုင်း ဖန်တီးသူများသည် Android OS ၏ ဂရပ်ဖစ်အတွက် စံ pixel density size ၄ မျိုးထဲမှ ၁ မျိုးအား အသုံးပြုရန် လိုအပ်လာသည်။
ထိုစံသတ်မှတ်ချက် ၄ မျိုးမှာ...
၁။ LDPI (low density) : 120 DPI
၂။ MDPI (medium density) : 160 DPI
၃။ HDPI (high density) : 240 DPI
၎။ XHDPI (extra high density) : 320DPI တို့ ဖြစ်ကြသည်။
ထို့ကြောင့် မည်သည့် device အတွက် ရည်ရွယ်သည်ဖြစ်စေ၊ Android အတွက် ဂရပ်ဖစ်ဒီဇိုင်းများကို သက်ဆိုင်ရာ တစ်လက်မတွင် ရှိသော အရွယ်အစားအတိုင်းသာ လုပ်ဆောင်ရန် လိုအပ်သည်။ ထို့ကြောင့် ထိုသတ်မှတ်ချက် ၄ မျိုးတွင် လိုအပ်သော pixel အရေအတွက်အား phone ၏ Screen density နှင့် တွက်ချက်၍ ဂရပ်ဖစ်ပုံများ ရေးဆွဲနိုင်မည် ဖြစ်သည်။ ထိုအချက်မှာ mobile ဂရပ်ဖစ် ဒီဇိုင်းသမားများအတွက် အထူးပင် အရေးကြီးပေသည်။ ဖုန်းများ၏ မျက်နှာပြင် အရွယ်အစားများ မတူညီကြရာ ထိုအချက်ကိုသာ ထည့်သွင်း မတွက်ချက်ပါက ဒီဇိုင်းများမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပေလိမ့်မည်။
DPI သည် တစ်လက်မပတ်လည်တွင် ရှိသော dots အရေအတွက်ဖြစ်ပြီး PPI (pixel per inch) အနေနှင့်လည်း သုံးစွဲတတ်သည်။ DP နှင့် Pixel တို့သည် display ၏ density ပေါ်တွင် မူတည်၍ တူညီမှုရှိနိုင်သလို ကွဲပြားမှုလည်း ရှိနိုင်သည်။ အများအားဖြင့် HDPI Screen များတွင် 1dp သည် 1.5 pixel နှင့် ညီမျှပြီး MDPI Screen များတွင်မူ 1dp သည်1 pixel နှင့်သာ ထပ်တူကျမည် ဖြစ်သည်။ ထို့ကြောင့် screen desnity မြင့်မားလာလျှင် ပိုမို ကြည်လင်သောပုံကို ရရှိနိုင်သည်ဟု ယေဘုယျ မှတ်သားနိုင်မည် ဖြစ်သည်။
Screen Density ဆိုတာဘာလဲ
Android ဖုန်းတစ်ခု၏ မျက်နှာပြင် resolution ဆိုသည်မှာ display တွင် အမှန်တကယ် ပါဝင်သော pixel အရေအတွက်ဖြစ်ပြီး density မှာမူ display ၏ သတ်မှတ်ဧရိယာ (ဥပမာ ၁ လက်မပတ်လည်အတွင်း) တွင် ရှိနေသော pixels ပမာဏ ဖြစ်သည်။ ထို့အပြင် Android ဖုန်းများ၏ display အရွယ်အစားများမှာလည်း ကွဲပြားခြားနားမှုများ ရှိနေမည် ဖြစ်သည်။ Resolution နှင့် density ကို မြှင့်တင်လိုက်သည့်တိုင် display အရွယ်အစားမှာ လိုက်လံ ပြောင်းလဲရန် ခက်ခဲမည် ဖြစ်သည်။ Display အရွယ်အစားတူသော device နှစ်ခုတွင် တစ်ခုက 320 x 480 resolution ရှိပြီး တစ်ခုက 480 x 800 resolution ရှိခဲ့လျှင် 480 x 800 resolution ရှိသော display မှာ Pixel ပိုမိုများသလို density လည်း ပိုမို မြင့်မားမည် ဖြစ်သည်။
Screen အရွယ်အစား ကွဲပြားခြင်း
Android OS သုံး device များ၏ ကွဲပြားခြားနားသော Screen size များကြောင့် Android 1.6 တွင်ပင် Screen size ၃ မျိုးအား ထောက်ပံ့ပေးနေရပြီ ဖြစ်သည်။ အများဆုံးသုံးကြသော ပုံမှန်စံနှုန်းမှာ 320 x 480 ဖြစ်ပြီး (ယခုအခါ 480 x 800  များ) ပိုများပြားလာခဲ့သည်။ Android 2.3 မှ စတင်လျက် xLarge size ကို မိတ်ဆက်ပေးခဲ့ပြီး ၁၀ လက်မ tablet များအတွက် ရည်ရွယ်ခဲ့ကာ Android 3.0 တွင် ထို x Large size ကို ကောင်းစွာ ထောက်ပံ့ပေးခဲ့သည်။
Screen အရွယ်အစားများကို

xlarge screen 960dp x 720 dp
large screen 640dp x 480 dp
normal screen 470dp x 320 dp
small screen 426dp x 320 dp စသည်ဖြင့် အနည်းဆုံးရှိရမည်ဟု သတ်မှတ်ထားခဲ့သည်။ Android 3.2 မှ စတင်ကာ ဖန်တီးသူများအတွက် လွယ်ကူစေရန် device များ၏ မျက်နှာပြင် အရွယ်အစားကို သတ်မှတ်သော နံပါတ်များ ထားရှိပေးခဲ့သည်။ ထိုနံပါတ်များကို သုံးကာ ဖန်တီးသူများအနေဖြင့် U1 ကို သင့်တော်အောင် ညှိနှိုင်းနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ app များကို ပိုမို ကောင်းမွန်လာစေမည် ဖြစ်သည်။
Screen size များကို 'dp' ဖြင့်သာ ဖော်ပြမည်ဖြစ်ပြီး ၎င်းတို့မှာ width dp, heightdp နှင့်  smallest width dp တို့ ဖြစ်ကြသည်။ width dp မှာ လက်ရှိ application အတွက် သုံးရမည့်အလျားဖြစ်ပြီး screen အား ဒေါင်လိုက်မှ အလျားလိုက် ပြောင်းလဲလိုက်လျှင် လိုက်လံ ပြောင်းလဲသွားနိုင်သည်။
Height dp မှာ application အတွက် လက်ရှိ အမြင့်ပမာဏ ဖြစ်၍ device ကိုလှည့်၍ သုံးပါက လိုက်လံ ပြောင်းလဲသွားမည် ဖြစ်သည်။ Smallest width dp မှာ device display ကို လှည့်ပတ်ကြည့်စဉ်တွင် ကြုံရမည့် အသေးငယ်ဆုံး ရှိနိုင်သော ပမာဏဖြစ်ပြီး အရေးအကြီးဆုံးလည်း ဖြစ်သည်။ U1 မှာ ဒေါင်လိုက်တွင် အဆင်ပြေသော်လည်း အလျားလိုက်တွင်မူ အနေအထား ပြောင်းလဲသွားမှုကြောင့် အခက်အခဲများ ကြုံလာနိုင်သဖြင့် ထိုအချက်ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1