Friday, August 24, 2012

Fujitsu ၏ M532 Tablet သစ်ကို ဝယ်ယူနိုင်

Ever November | 8/24/2012 02:14:00 PM | Best Blogger Tips

Fujitsu ကုမ္ပဏီက အသစ် ထုတ်လုပ် လိုက်သည့် အသွင်ဆန်းသစ် လှပသော M532 model အမျိုးအစား tablet ကို ဈေးကွက်တွင် စတင် ဝယ် ယူနိုင် ပြီဖြစ်ကြောင်း သိရှိရသည်။
Fujitsu သည် ၎င်းတို့ ပုံမှန်ထုတ်လုပ်နေကြဖြစ်သည့် Windows-powered သုံး slates များမှ ခွဲထွက်ပြီး Google ၏ Android 4.0 OS ဖြစ်သည့် Ice Cream Sandwich ကို အသုံးပြုကာ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ M532 tablet အတွင်း၌ ပုံမှန်ပါဝင်နေကျ features များအပြင် ထပ်မံတိုးထားသော အကြမ်းခံနိုင်မှုနှင့် လုံခြုံမှုပိုင်း ပိုမိုအားကောင်းသော features များကြောင့် ခွဲထွက်မှု တစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။
M532မှာFujitsuကုမ္ပဏီ၏tablet လောကသို့ပထမဆုံးခြေလှမ်းအဖြစ်စမ်းသပ်ဝင်ရောက်လာမှုလည်း ဖြစ်ပြီး လက်ရှိတွင် tablets ဈေးကွက်မှာ လူကြိုက်အများဆုံး ဈေးကွက်တစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။ ၎င်းတို့၏ လက်ရှိထုတ်လုပ်ထားသော Slate PCs များမှာ Intel Atom processors နှင့် Windows 7 OS တို့ကို အသုံးပြုထားသည့်အတွက် လုပ်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းတွင် laptops၊ netbooks များနှင့် ပိုမိုနီးစပ်နေသည့်အချက်ကို M532 tablet ဖြင့် ခွဲထွက်လိုက်ခြင်းဖြစ်သည်။ Fujitsu က ၎င်းတို့၏ ထုတ်ကုန်သစ် M532 ကို စွမ်းဆောင်ရည်မြင့်သော လုပ်ငန်သုံး tablet အဖြစ် အသုံးပြုနိုင်စေရန် ဦးတည်ထားပြီး Google က ထုတ်လုပ်ထားသည့် ဈေးနှုန်းသင့် အတန်းအစားဖြစ်သည့် Nexus 7 ၏ ဈေးကွက်လမ်းကြောင်းမှ ခွဲထွက်ခြင်းလည်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။
M532 tablet တွင် Nvidia quad-core Tegra 3 chip၊ 1 GB RAM၊ 32 GB built-in storage၊ 802.11 b/g/n Wi-Fi၊ Bluetooth 3.0၊ GPS တို့ ပါဝင်ပြီး microSD card ကိုလည်း ထပ်တိုးသုံးစွဲနိုင်သည်။ 1280 x 800 resolution ရှိ 10.1 inch tablet ၏ ဈေးနှုန်းမှာ ၅၄၉ ဒေါ်လာရှိသည်။
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1