Monday, August 6, 2012

Gionee Infinity ဟန်းဆက်အသစ် တစ်မျိုးဈေးကွက်ထဲသို့ ရောက်ရှိ

Ever November | 8/06/2012 09:30:00 PM | Best Blogger Tips

Gionee Infinity ဟန်းဆက် အသစ် တစ်မျိုး ဈေးကွက် ထဲသို့ ရောက်ရှိ လာကြောင်း ၄င်း Gionee Infinity ဟန်းဆက်ကို မိုဘိုင်းဈေး ကွက်အတွင်း တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Do Co Mo မိုဘိုင်းအရောင်းဆိုင်မှ သိရသည်။
၎င်း Gionee Infinity ဟန်းဆက်သည် G.S.M နှင့်WCDMA ကို အသုံးပြုနိုင်ပြီး Back Camera 8Mp ပါဝင်ပြီး င်္Front Camera 1.3 ပါဝင်သည့် အပြင်Digital Camera တစ်လုံးကဲ့သို့ ပုံရိပ်များကိုမိမိစိတ်ကြိုက် ရိုက်ကူးနိုင်သည်ဟုဆိုသည်။ ထို့အပြင် ဈေးကွက်အတွင်းလူကြိုက် များသည့် Android ဗားရှင်းဖြင့် ပြုလုပ်ထားပြီး V.4.0.3 ပါဝင် သည်ဟု ဆိုသည်။
ထို့နောက် External Memory 2GB ပါဝင်ပြီး ထပ်မံတိုးမြင့် အသုံးပြုချင်ပါက Micro SD 32GB တိုးမြင့်အသုံး ပြုနိုင်ကြောင်းသိရသည်။ အဆိုပါGionee Infinity ဟန်းဆက်သည် ဖုန်းအတွင်းပါဝင်သည့် CPU မြင့်သည့်အတွက် ဖုန်းအတွင်းပါဝင်သည့်အချက် အလက်များကို မြန်ဆန်စွာလုပ်ဆောင်နိုင်ပြီး အင်တာနက်ချိန်ဆက်အသုံးပြုရာတွင်လည်းBattery ပြဿနာများနှင့် ကင်းဝေးပြီး လွယ်ကူစွာ အသုံးပြုနိုင်ကြောင်းသိရသည်။
ဗားရှင်းမြင့်သည့် ဟန်းဆက်ဖြစ်သည့် အတွက် မည်သည့်Game နှင့် Application မျိုးကိုမဆို ထည့်သွင်းအသုံးပြုနိုင် သည်ဟုဆိုသည်။ ဈေးနှုန်းမှာ ၂၅၂၀ဝ၀ ဖြစ်ပြီး ရန်ကုန်မြို့ရှိ မိုဘိုင်း အရောင်းဆိုင်တိုင်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
စောရည်နန္ဒာ
Mobile Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1