Thursday, September 13, 2012

13.9.2012 to 19.9.2012 အတွက် ၇ ရက်သားသမီး များအတွက် အထူးဟောချက်

Ever November | 9/13/2012 10:49:00 AM | Best Blogger Tips
တနင်္ဂနွေ
          ရည်ရွယ်ချက်များနေမည်။ ခရီးများနေမည်။ ချစ်သူရှိပြီးလည်း ချစ်သူထပ်ရမည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။ထီဂဏန်းကိုသင်၏ကိုယ်ပိုင်နံပါတ်သို့မဟုတ်မှတ်ပုံတင်အမှတ်တို့ကိုကြည့်၍ထိုးပါ။မုချပေါက်လိမ့်
မည်။နေရာဒေသ၊အိမ်ခြံမြေပြောင်းရွှေ့ ရတတ်သည်။  အလုပ်အကိုင်ရာထူးတက်ပြောင်းရွှေ့ရမည်။  လစာငွေ တိုးမည်။ မိဘသားချင်းတို့၏ ကုသိုလ်ကောင်းမှုအလှူပြုခြင်းကို သွားရမည်။ အချစ်ရေး၊စီးပွားရေး ၊ အလုပ်အကိုင်တို့ ကောင်းမည်။
 
 အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော- မင်္ဂလာရှိသောကာလဖြစ်ပါသည်။
ယတြာ- တနင်္ဂနွေနေ့နံနက်တွင် အိမ်ဘုရားကို အအေး ကပ် ပါ။
 
တနင်္လာ
          မျှော်လင့်ချက်တွေမကြာမှီအောင်မြင်မှုရမည်။ခရီးယာယီတွေရောက်မည်။ စိုးရိမ်ပူပန်မှုတွေပယ်ဖျောက် ပစ်နိုင်သောကာလဖြစ်ပြီး ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အလုပ်ကောင်း ၀င်ငွေကောင်း နေရာကောင်း ကို တာဝန်ယူနိုင်သောနေရာ တာဝန်တို့ရမည်။ ၀င်ငွေကောင်း ၊ အလုပ်ကောင်း အဆင်ပြေမှု စိတ်တိုင်းကျမှု တွေဖြစ်မည်။  သင်မုချစိတ်ချမ်းသာရပါလိမ့်မည်။ မိသားစု အရေး၊အလုပ်အကိုင်အရေး၊၀င်ငွေကောင်းမွန်ရေး၊ရစရာငွေတို့ရရှိမှုတို့ ဆက်တိုက်ကံကောင်းလာပါမည်။အချစ်ရေး ၊ အိမ်ထောင်ရေးတွေကောင်းမည်။
 
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊၉။
အထူးဟော - စိတ်ချမ်းသာမှုရမည်။
ယတြာ- တနင်္လာနေ့ နံနက်တွင် ဆွမ်းဖြူ နှင့် ဘယာကြော် ၁၅ ခု ကို အိမ်ဘုရားကို ကပ်ပါ။လိုရာဆုတောင်းပါ။
 
အင်္ဂါ
ဒီဖက်ကိုအောင်မြင်ရန်ကြိုးစားနေဆဲမှာဟိုတဖက်ကလည်းအောင်မြင်မှုရလာပါလိမ့်မည်။ပညာရေး
အောင်မြင်မှု၊စီးပွားရေးအောင်မြင်မှု၊အလုပ်အကိုင်အောင်မြင်မှုများမုချကြုံတွေ့ရမည်။ပြည်တွင်း၊ပြည်
ပခရီးများသွားရမည်။ကျန်းမာရေးကောင်းမည်။အိမ်ထောင်ရှိသူများအငယ်အနှောင်းတွေ့မည်။ချစ်သူ
ရည်းစားတို့ထပ်တွေ့မည်။အပျော်သဘောတွဲလိုသူများရည်းစားမထားသင့်ပါ။အဖြတ်ရခက်မည်။
ဝင်ငွေ၊စီးပွားရေးကောင်းမည်။အလုပ်ရာထူးတက်မည်။ဂုဏ်သိက္ခာကျစရာပေါ်ကိန်းမှ ပွတ်ကာသီကာ လွတ်မည်။ အထင်လွဲအမြင်လွဲ ခံရတတ်သည်။ ပြဿနာကို အနိုင်ရမည်။
 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇ ။
အထူးဟော-ကံကောင်းမည်။
ယတြာ- အင်္ဂါနေ့ နံနက်တွင် အိမ်ဘုရားကို အုန်းဆွမ်းကပ် ပါ။
 
ဗုဒ္ဓဟူး
          စိတ်တွေကြည်နေမည်။ စိတ်ချမ်းသာမှုတွေရမည်။ ကြိုးစားမှုတွေအောင်မြင်မည်။ အပေါင်းအသင်းရွေးပေါင်းဖြစ်မည်။ ချစ်ရေးဆိုခြင်းခံရမည်။ ချစ်သူရတတ်သည်။ အိမ်ထောင်ရေးအဆင်ပြေမည်။ စီးပွားရေး အလုပ်အကိုင်တို့အောင်မြင်မည်။ လုပ်ငန်းသစ်လုပ်ရမည်။ ဆိုင်ကယ်၊ကား ဂရုစိုက်မောင်းပါ။ ပစ္စည်းပျောက်ကိန်းရှိသည်။ စာမေးပွဲအောင်မြင်မည်။ ရာထူးတက်မည်။ စက်ပစ္စည်းဝင်မည်။ ခရီးဝေးယာယီသွားရမည်။ အကြီးအကဲတို့ကူညီမည်။  ရှယ်ယာလုပ်ငန်းတို့အောင်မြင်မည်။
 
အကျိုးပေးဂဏန်း- ၄၊ ၇၊၉။
အထူးဟော-အောင်မြင်တိုးတက်မည်။
ယတြာ-ဗုဒ္ဓဟူးနေ့ နံနက်တွင်အိမ် ဘုရားကို လက်ဘက်ရည် ဆွမ်း ကပ်ပါ။
 
ကြာသပတေး
          အောင်မြင်မှု တိုးတက်မှု ပိုင်ဆိုင်မှု တို့ရရန် ကြိုးစားမှု ပြုရသော ကာလဖြစ်သည်။ ကြိုးစားမှုကောင်းသော လုပ်ရပ်ကြောင့် အောင်မြင်မှုကောင်းကောင်းရမည်။ ခရီးဝေး ယာယီတွေရမည်။ လုပ်ငန်းပြောင်းလဲ တိုးတက်မှုဖြစ်မည်။ အချစ်ရေးကောင်းသည်။ သင်၏ ချစ်သူကို အခြား ၁ယောက် က လုယူတတ်၍ ဂရုစိုက်ပါ။ စိတ်ဝမ်းကွဲရာမှ ပြန်၍ အဆင်ပြေမည်။ စပ်တူစီးပွားရေး အောင်မြင်မည်။ ၀မ်းနှင့်ပတ်သက် သောရောဂါတို့ရကိန်းမြင်သည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။
 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော- ကြိုးစားမှု့ ပြုသလောက်အောင်မြင်မှု့ ရမည်။
ယတြာ-ကြာသပတေးနေ့နံနက် တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့် ကပ်ပါ။
 
သောကြာ
          သင်၏တွေးခေါ်မှု တွေမှန်ကန်နေမည်။သင်၏ဆောင်ရွက်မှုတွေ အောင်မြင်နေမည်။ သင်၏ ကြိုးစားမှုတွေအောင်မြင်နေမည်။ အကူအညီပေးသူပေါ်မည်။ အတိုက်အခံတွေကျော်လွှားအောင်မြင်မည်။ အပေါင်းအသင်းတို့၏ လုပ်တူကိုင်ဖက် တို့၏ ထောက်ခံမှုတွေရမည်။ ဆုလာဒ်တွေရမည်။ အလုပ်အကိုင်ရာထူးတက်မည်။ အချစ်ရေး အိမ်ထောင်ရေး ကောင်းသည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ပြန်ကောင်းမည်။
 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊၇။
အထူးဟော- တိုးတက်မှုရ မည်။
ယတြာ- သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီးဆွမ်း ကပ်ပါ။
 
 
စနေ
          လူချစ်လူခင်များနေမည်။ ဒေါသကြီးလွယ် ပြေလွယ်မည်။ ခရီးသွားရမည်။ အလုပ်ရမည်။ အဝေးမှာသွားနေရမည်။ စာမေးပွဲ၊ အင်တာဗျူးအောင်မြင်မည်။ လစာကောင်းမည်။ ရာထူးကောင်းမည်။ ငယ်သူငယ်ချင်းတို့ပြန်ဆုံမည်။ အဝေးက ချစ်သူနှင့်ပြန်တွေ့မည်။ မိဘသားချင်းမောင်နှမ အရေးစိတ်ချမ်းသာမှုရမည်။  ရွှေ၊စက်တို့ဝင်မည်။ စီးပွားရေးလုပ်ငန်း အောင်မြင်မှုရမည်။ ရှယ်ယာလုပ်ငန်းတို့ ရှယ်ယာကွဲမည်။ အလုပ်ပြောင်းနေရာပြောင်း ရမည်။ အချစ်ရေးကောင်းသည်။ ငွေဝင်၊ငွေထွက်ကြမ်းမည်။ ထီပေါက်မည်။
 
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊၉။
အထူးဟော-သင်ကံကောင်းမည်။
ယတြာ- စနေနေ့နံနက်တွင် စနေနံဘုရားကို ထီးနီ  ၇ လက်ကပ်လှူပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင်)
  

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1