Thursday, September 13, 2012

iTune Card ကဲ့သို့သော နိုင်ငံတကာအသုံးပြုကတ်များကို အွန်လိုင်းမှ အလွယ်တကူဝယ်ယူနိုင်ရန်စီစဉ်

Ever November | 9/13/2012 11:20:00 AM | Best Blogger Tips

နိုင်ငံတကာတွင် အသုံးပြုသော Prepaid ကတ်များအား ပြည်တွင်းတွင် အွန်လိုင်းမှ အလွယ်တကူဝယ်ယူနိုင်ရန် အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သိရသည်။ ပြည်တွင်းသုံး ဖုန်းကတ်များအပြင် အခြားအွန်လိုင်းတွင် ရောင်းချ၍ ရရှိမည့် နိုင်ငံတကာကတ်များအား ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း၊
http://www.prepaidcard.com.mm မှတစ်ဆင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်အနေဖြင့် ယခုလအတွင်းတွင် GSM, CDMA 450 MHz, CDMA 800MHz ကြိုတင်ငွေပေးကတ်များအား အွန်လိုင်းတွင်ဝယ်ယူနိုင်ရန် စီစဉ်ပြီးနောက် iTunes ကဲ့သို့ နိုင်ငံတကာကတ်များအား ဆက်လက်ဝယ်ယူနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ Apple Application နဲ့ဆက်စပ်တဲ့ကတ်တွေ၊ Android Application နဲ့ဆက်စပ်တဲ့ကတ်တွေ အလွယ်တကူ ၀ယ်ယူလို့ရအောင် စီစဉ်တာပါ။ လက်ရှိမှာ နိုင်ငံတကာကတ်တွေကို မြန်မာနိုင်ငံက အလွယ်တကူ ၀ယ်လို့မရသေးတာကြောင့် အခုလိုဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းဝန်ဆောင်မှုကို စီစဉ်နေသော တာဝန်ရှိသူကပြောသည်။ နိုင်ငံတကာအသုံးပြု Prepaid ကတ်များအား အွန်လိုင်းမှဝယ်ယူပြီးပါက Online Payment Gateway တစ်ခုနှင့်ချိတ်ဆက်ကာ ငွေပေးချေမှုစနစ်ကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော်နေသော အဆိုပါစနစ်အား Myan Pay Online ငွေပေးချေမှုစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ စက်တင်ဘာလ ဒုတိယအပတ်မှစတင်ကာ ဖုန်းကတ်များအား ၀ယ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံတကာကတ်များအား ၀ယ်ယူနိုင်ရန် တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1