Thursday, September 13, 2012

နိုင်ငံရှိ Sex Worker နှင့်မူးယစ်ဥပဒေအား ပြင်ဆင်နိုင်လျှင် HIV ကူးစက်ခံရနှုန်းလျော့ကျဖွယ်ရှိ

Ever November | 9/13/2012 11:04:00 AM | Best Blogger Tips
မြန်မာနိုင်ငံ၏ဥပဒေအချို့ကို ပြင်ဆင်နိုင်လျှင်HIVကူးစက်ခံရနှုန်းလျော့ကျလာနိုင်ကြောင်း လျှော့ချရေးလုပ်
ငန်းများ လုပ်ဆောင်နေသည့် Transnational Institute က သိရှိရသည်။
HIV/AIDS  လျော့ချရေးလုပ်ငန်းများပြုလုပ်ရာတွင် လက်ရှိတွင် အခက်ခဲအချို့ရှိနေကြောင်း ကိုလည်း သိရသည်။
အဆိုပါ လျှော့ချပေးရမည့် ဥပဒေများမှာ မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖမ်းဆီးသည့်ဥပဒေနှင့်  Sex Worker များကိုလည်း ကွန်ဒုံးတွေ့ရှိသည်နှင့်ဖမ်းဆီးသည့် ကိစ္စရပ်များဖြစ်သည်။
''ဆေးဝါးနဲ့ပတ်သတ်တဲ့ဥပဒေတွေကို တင်းကျပ်တားမြစ်နေရင် HIVကာကွယ်ရေးကို ထိခိုက် နိုင်တယ်။ ဒါ့ကြောင့် လက်ရှိတည်နေတဲ့ ဥပဒေတွေကို တစ်ချက်ပြန်ကြည့်သင့်တယ်။ မူးယစ်ဆေးဝါး နဲ့ရှိနေတဲ့ ဥပဒေတွေကို လျှော့ချသင့်တယ်။ လက်ဝယ်တွေ့ရှိတာနဲ့ မဖမ်းပါဘူးဆိုတဲ့ ဥပဒေမျိုးထွက် သင့်တယ်။ ဖြန့်တာမဟုတ်ပဲ ကိုယ်သုံးစွဲတဲ့ ပမာဏနည်းနည်းပဲဆိုရင် ခွင့်ပြုပေးသင့်တယ်။''ဟု Transnational Institute မှ Mr.Martin Jelsma က အကြံပြုပြောဆိုသည်။ 
ဆေးစွဲမှုပြဿနာကို ဖြေရှင်းရန် ထောင်ထဲသို့ထည့်လိုက်ခြင်းဖြင့် ဆေးပြတ်မသွားနိုင်ကြောင်း ဆေးသုံးစွဲ
သူများကို လိုအပ်သည့် ပမာဏအားရောင်းချပေးနိုင်သည့် နေရာများလည်းရှိသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
''ဆေးသုံးစွဲတဲ့သူဟာ ဆေးရဖို့အတွက် တခြားပြစ်မှုကျူးလွန်တာတွေလည်း ရှိနိုင်တယ်။ တခြားပြစ်မှု ကျူးလွန်တာတွေကိုတော့ အပြစ်ပေးသင့်ပြီး ဆေးသုံးစွဲတာကိုတော့ အပြစ်မပေးသင့်ဘူး၊ လမ်းဘေး မှာ ဘိန်း(၁ဝ)ဂရမ်လောက်ရောင်းတဲ့သူကို ဖမ်းမိရင်သူကျခံရမယ့်ပြစ်ဒဏ်က မိန်းကလေးတစ်ယောက် ကို မုဒိန်းကျင့်လို့ ကျခံရမယ့်ပြစ်ဒဏ်ထက် ပိုများနေတာကိုလည်း တွေ့ရတယ်။''ဟု Mr.Martin Jelsma က ဆက်ပြောသည်။
အဆိုပါစနစ်အား ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၃ဝ)ခန့်မှ စတင်ကျင့်သုံးနေပြီဖြစ်ပြီး ကျင့်သုံးသည့်နိုင်ငံများ တွင်  ကူးစက်နှုန်းကျဆင်းလျက်ရှိပြီး ဆေးဖြတ်သူများကိုယ်တိုင်လည်း ဆေးရုံသို့လာရောက် ဆေးဖြတ်ခြင်း၊ ဆေး
သုံး၍ ဖြစ်ပေါ်လာသည့် ပြစ်မှုများလျော့နည်းလာခြင်း၊ ဆေးစွဲသူများအားလိုက်ဖမ်းလျှင်ကုန်ကျသည့်စရိတ်
များမှာလည်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများသို့ ရောက်ရှိသွားနိုင်ကြောင်းကိုလည်း သိရှိရသည်။
Sex Worker များနှင့် ပတ်သကါ၍လည်း ကွန်ဒုံးတွေ့ရုံဖြင့်ဖမ်းသည့် ကိစ္စများမရှိသင့်တော့ ကြောင်း မိန်းကလေးတစ်ဦးအား ဖမ်းမည်ဆိုလျှင်ရှိထားသည့် နည်းဥပဒေများဖြင့်သာ ဆောင်ရွက် သင့်ကြောင်း  Sex Worker များထံက သိရှိရသည်။
''ရားဝင်သတ်မှတ်ထားတဲ့ ဥပဒေတွေကို တရားဝင်ပဲ သုံးစေချင်တယ်။ ပုဒ်မ ၃(ခ)ဆိုတာ ဘယ် လို ပုဒ်မဖြစ်တယ်။ ဖမ်းဖို့အတွက် နည်းဥပဒေတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ပဲ လုပ်သင့်တယ်။ မိန်းကလေးတစ်ယောက် ကာယိနြေ္ဒပျက်ပြားအောင် ဖမ်းဆီးတာမျိုးတွေ မလုပ်သင့်ဘူး။ ကျွန်မတို့ မှာ မဟုတ်တဲ့ပုဒ်မတွေနဲ့ နေ့စဉ် အဖမ်းခံနေရပါတယ။် ပြဿနာ ဖြစ်ရင်လည်း ဘယ်သွားတိုင်ရမှန်းလည်း မသိဘူး။'' ဟု Sex Worker တစ်ဦးက ပြောသည်။
ဆိုပါ ဥပဒေများကို လျှော့ချရန်မှာ UN အောက်တွင်ချုပ်ထားသည့် စာချုပ်အားပြန်လည် ညိုနှိုင်းပြင်ဆင် ပြီးမှသာ   လျှော့ချနိုင်မည်ဖြစ်ပြီး လျှော့ချလျှင်လည်း စီးပွားရေးပိတ်ဆို့မှုကဲ့သို့ အရေး ယူမှုများပြုလုပ်နိုင်ကြောင်းနှင့် လုပ်၍ရသည့်နည်းလမ်းများရှိကြောင်းကိုလည်း သိရှိ ရသည်။
''ကျွန်တော်တာဝန်ယူစဉ်ကတည်းက ဒီကိစ္စကို ဝန်ကြီးကိုရှင်းပြပြီး ကွန်ဒုံးတွေ့ရုံနဲ့ မဖမ်းပါဘူးဆို တာကို တင်ပြခဲ့တယ်။ အဲ့ကတည်းက ဒီဟာက ပယ်ဖျက်ပြီးသားပါ။ နယ်တွေမှာ အဲလိုတွေနဲ့ ဖမ်းတာတွေ ရှိနေသေးတယ်ပေါ့။ ဒါပေမယ့် တရားရုံးမှာတော့ ကွန်ဒုံးကို သက်သေအဖြစ်ပြလို့ မရပါဘူး။'' ဟု မူးယစ်တပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာအစိုးရနှင့် (TNI) ၏ ဆက်ဆံရေးသည် အဆင်ပြေလျက်ရှိကြောင်း အရင်ကမရရှိခဲ့သည်များကို ယခုတွင် လမ်းဖွင့်ပေးထားကြောင်းဆွေးနွေးခွင့်များလည်းရရှိထားကြောင်း ဘန်ကောက် တွင်လည်း မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။
''စီးပွားရေးပိတ်ဆို့မှုတွေမဖြစ်အောင်လို့ လုပ်လို့ရတဲ့နည်းလမ်းတွေရှိတယ်။ ဘိုလီးဗီးယားဆို စာချုပ် က ခဏနှုတ်ထွက်လိုက်တယ်။ သူတို့ လိုချင်တဲ့အချက်တွေကို ပြင်ဆင်ဖြုတ်ပစ်ပြီး ချက်ချင်းပြန်ဝင် တယ်။ ဒါမျိုးလည်း လုပ်လို့ရတယ်။''ဟု Mr.Martin Jelsma က သုံးသပ်ပြောဆိုသည်။
 TransnationalInstitute(TNI)အနေဖြင့်ကမ္ဘာ့နိုင်ငံပေါင်းများစွာထဲမှ အောင်မြင်ခဲ့သည့် နိုင်ငံများနည်း
တူသင့်တော်သည့်ဥပမာများအား မြန်မာနိုင်ငံသို့ယူဆောင်လာ၍အစိုးရနှင့်ပူးပေါင်း နိုင်ရန် ဆွေနွေးညှိနှိုင်း
သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 
ထွန်းနေအောင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1