Thursday, September 13, 2012

ပြင်သစ်နိုင်ငံထုတ် ALCATEL Onetouch 995 စမတ်ဖုန်းသစ် ဝင်ရောက်လာ

Ever November | 9/13/2012 10:08:00 AM | Best Blogger Tips

ပြင်သစ်နိုင်ငံမှ နာမည်ကြီး မိုဘိုင်း ကုမ္ပဏီ ဖြစ်သော AICATEL onetouch မှ ထုတ်လုပ် လိုက်သည့် ၉၉၅ မော်ဒယ် စမတ်ဖုန်းသစ် တစ်မျိုး ဈေးကွက် အတွင်းသို့ ဝင်ရောက် လာကြောင်း သိရသည်။
ALCATEL onetouch 995 သည် Android 2.3.6 Ginger Bread ကိုအသုံးပြု ထားပြီး GSM နှင့်WCDMA များအတွက် မြန်မာပြည်လိုင်းဆွဲအားကို သာလွန် ကောင်းမွန်စေရန် ကျွမ်းကျင်ပညာ ရှင်များက Signal Adjustment ပြုလုပ် ပေးထားသောHandset အမျိုးအစား လည်းဖြစ်သည်။
Screen Size 4.3", CPC 1.4GB နှင့် Andreno 205 GPU Processor များပါဝင်သော ALCA– TEL onetouch 995 သည် Android HD Game များကစားရန်အတွက် အ ထူးကောင်းမွန်မည်ဖြစ်သလိုGmail, Facebook, Internet, Vieo Calls, Chatting အသုံးပြုသူများအတွက် လည်း Internet Connection ကောင်းမွန်စွာဖြင့် အသုံးပြုရန် အဆင်ပြေ စေမည်ဟုသိရသည်။
ထို့ အပြင် Auto Flash Camera 5MP နှင့်Secondary Camera များကို အသုံးပြုနိုင် မည့်အပြင်HD Video Recording ဖြင့်ရိုက်ကူးနိုင်မည့်Function များ လည်း ထည့်သွင်းပေးထားသည်။
အခြားသော စမတ်ဖုန်းများနှင့် မတူသည့် ALCATEL onetouch 995 ၏ ထူးခြားချက်မှာ HDMI Dual Display Function ပါဝင်သဖြင့် Game နှင့်Video များကိုTV နှင့် Phone Screen နှစ်ခုစလုံးတွင် တစ်ပြိုင် နက်ကြည့်ရှုခံစားနိုင်မည်ဟု သိရ သည်။ Battery အနေဖြင့်လည်း 1500mAh Battery ကိုအသုံးပြုထား သဖြင့်အသုံးပြုမည့် Function နှင့် မျှတစွာ သုံးစွဲနိုင်မည်ဖြစ်သည်။
Memory Storage ပိုင်းတွင်လည်း Micro SD 4 GB ပါဝင်ပြီး သုံးစွဲသူ၏ ဆန္ဒအလျောက် 32GB အထိတိုးမြင့် အသုံးပြုသွားနိုင်မည်ဟုသိရသည်။ ALCATEL onetouch 995ဖုန်းတစ် လုံး၏ ဈေးနှုန်းမှာ ၂၇၀ယဝ၀ဝ ကျပ် ဟုသိရပြီး Elite, Telechoice, Universal မိုဘိုင်းဆိုင်ကြီးများနှင့် စိန် ဂေဟာ အရောင်းစင်တာ များတွင် ဝယ်ယူရရှိနိုင်ကာService Warranty 1 Year နှင့် စက်ပိုင်းဆိုင်ရာ ပျက်စီးမှု(Factory Fault) ဖြစ်ခဲ့ပါ က ၆ လအတွင်း အသစ်တစ်လုံး လဲလှယ် ပေးသွားမည်ဟု သိရသည်။
Net Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1