Saturday, September 1, 2012

84inch ရှိ ကမ္ဘာ့အကြီးဆုံး UD TV ကို LG မိတ်ဆက်ပြသ

Ever November | 9/01/2012 10:22:00 AM | Best Blogger Tips

တောင်ကိုရီးယား electronics တစ်ခု ဖြစ်သည့် LG သည် ကမ္ဘာ့ အကြီးဆုံး LG စနစ်ကို ထောက်ပံ့ ပေးနိုင်သည့် UD (ultra-definition) TV ကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပြီး အဆိုပါ UD TV မှာ အရွယ်အစား အားဖြင့် 84inch ရှိသည်။
လက်ရှိတွင် Sharp ကထုတ်လုပ်ထားသည့်HD TV မှာ 90inch ရှိသော်လည်း 4K စနစ် ထောက်ပံ့ထားခြင်းမရှိသည့် အတွက်LG ၏ 84inch 4K UD TV မှာကမ္ဘာ့အကြီးဆုံး 4K UD TV အဖြစ် စံချိန်တင်လိုက်နိုင်ခြင်း ဖြစ်သည်။ အဆိုပါUD TV မှာ 8 million pixels per frame ထောက်ပံ့ထားပြီး လက်ရှိထုတ်လုပ်ထားသည့် 1080p high-definition displays ပမာဏထက် ၄ဆပိုမိုသာလွန်မည်ဖြစ်သည်။
LG ကုမ္ပဏီက ၄င်းတို့၏အဆိုပါ 4K နည်းပညာအား လက်ရှိဈေးကွက် ဦးဆောင်သူSamsung ကိုရင်ဆိုင် ယှဉ်ပြိုင်ရာ၌ အဓိကဈေးကွက် ယန္တရားတစ်ခုအဖြစ် ရှုမြင်ထားကြ သည်။ လက်ရှိ 4K စနစ်အသုံးပြု နိုင်သောUD TV ဈေးကွက်တွင် Toshiba က 55inch 4K screen နှင့် Panasonic က 20inch 4K screen တို့ ကိုထုတ်လုပ်ထားသလို Sam-sung ကလည်း ၄င်းတို့၏ 4K စနစ် အ သုံးပြုနိုင်မည့် UD TVကိုစမ်းသပ် ထုတ်လုပ်မှုများပြုလုပ်လျက်ရှိနေ သည်။
တောင်ကိုရီးယားနိုင်ငံတွင် flatscreen TV ဈေးကွက်၌ Samsung ပြီးလျှင်ဒုတိယနေရာရပ် တည်နေသည့် ကုမ္ပဏီဖြစ်သည်။ LG ကုမ္ပဏီ၏ Electronics Home Entertainment အမှုဆောင်ချုပ် ဖြစ်သူHavis Kwon က လက်ရှိတွင် 4K display ဈေးကွက်မှာ အရှိန်ယူ စအဆင့်တွင်သာရှိသေးပြီး အဆိုပါ ဈေးကွက်တွင် ၄င်းတို့အနေဖြင့် ဈေးကွက်ဝေစုရရှိရန်မှာ အရေး ကြီးသည်ဟုဆိုသွားခဲ့သည်။
အဆို ပါ 84inch 4K UD TV ၏ဈေးနှုန်းမှာ ဒေါ်လာ ၂၂,ဝ၂၀ ဝန်းကျင်ရှိပြီး လာမည့်IFA ပြပွဲတွင်ပြသသွားရန် ရှိသော်လည်း တောင်ကိုရီးယား တွင်မူ လက်ရှိ၌ပြသထားသည်။
Net Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1