အင်တာနက် သုံးရန် မိုဘိုင်းဖုန်း ဝယ်ယူရာ၌ ထိုက်သင့်သည့် ဗဟုသုတ ရှိရန် လိုအပ်ကြောင်း ပြည်တွင်း ဖုန်းဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မိုဘိုင်း အင်တာနက် အသုံးပြုနိုင်ခွင့် ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင် ဈေးကွက်အတွင်း၌ အင်တာနက် အသုံးပြုနိုင်သော မိုဘိုင်းဖုန်းများ၏ ရောင်းအားမှာ ပိုမိုကောင်းမွန်လာခဲ့သော်လည်း အချို့မှာ အင်တာနက် အသုံးပြုရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်လျက် ရှိသည်။
၎င်းတို့အနေဖြင့် ဈေးကွက်အတွင်းတွင် အလွယ်တကူ ရရှိနိုင်သည့် တန်ဖိုးနည်း 
ဟန်းဆက်များကို ဝယ်ယူ၍ အင်တာနက် အသုံးပြုရာတွင် အဆင်မပြေမှုများ 
ဖြစ်နေခြင်းကြောင့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည့် ဆိုင်များတွင် မကြာခဏ
 လာရောက်၍ အခက်အခဲများကို ပြသနေရသည်ဟု ဆိုသည်။
“အဓိက ပြဿနာကတော့ အင်တာနက် သုံးလို့ရတယ်ဆိုတဲ့ ဈေးကွက်ထဲမှာ 
ဈေးနည်းနည်းနဲ့ရတဲ့ ဟန်းဆက်တွေကို ဝယ်မိကြလို့ပါ။ ဘာကြောင့်လဲဆိုတော့ 
အဲဒီဟန်းဆက်တွေမှာ အင်တာနက် ကြည့်ရှုနိုင်တဲ့ Feature ကို ထည့်သွင်းပေးထား 
စက်လည်ပတ်မှု သုံးတဲ့ မိုဘိုင်းဖုန်းတွေ မဟုတ်တော့ အင်တာနက်နဲ့ ပတ်သက်တဲ့ 
Application တွေကို အသုံးပြုလို့ မရပါဘူး။ ဒီအချက်တွေကြောင့် အင်တာနက် 
သုံးမယ်ဆိုရင် ဈေးသက်သာတိုင်း မဝယ်ဖို့ ပြောချင်ပါတယ်” ဟု မိုဘိုင်းဖုန်း 
အရောင်းဆိုင် တစ်ဆိုင်မှ ပြောသည်။
 ဖိုးခွား
it Times 


No comments:
Post a Comment