Saturday, September 1, 2012

နှုတ်ခမ်းနီနှင့် သွားတိုက်ဆေးတွင် ပါသော ဓာတုပစ္စည်းများကြောင့် နှလုံးကျန်းမာရေး ထိခိုက်နိုင်

Ever November | 9/01/2012 09:42:00 AM | Best Blogger Tips

နှုတ်ခမ်းနီ၊ မျက်နှာသစ် ဆပ်ပြာနဲ့ သွားတိုက်ဆေးမှာ ပါဝင်မှုများတဲ့ ဓာတု ပစ္စည်း တွေဟာ နှလုံးနဲ့ ကြွက်သား (Muscle) ပြဿနာ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။  Triclosan ဆိုတဲ့ ဓာတုပစ္စည်းဟာ အိမ်သုံး ပစ္စည်းအမျိုးအစား ၁၀၀ ကျော်မှာ ပါဝင်နေပြီး ကြွက်သား (Muscle) နဲ့ နှလုံးကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
အဲဒီ ဓာတုပစ္စည်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းနဲ့ ထိတွေ့ပြီး မိနစ် ၂၀ အတွင်းမှာ နှလုံး လုပ်ငန်းဆောင်တာ ၂၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြား ကျွမ်းကျင်သူတွေက ထုတ်ကုန်ထဲမှာ ပါဝင်တဲ့ Triclosan အဆင့်ဟာ အန္တရာယ် ကင်းတယ်လို့ဆိုပြီး ကြွက်တွေကို ဆေးထိုးပေးတဲ့ ပမာဏဟာ လူတွေ ထိတွေ့တဲ့ ပမာဏထက် မြင့်မားနေတာကြောင့်လို့ ပြောကြပါတယ်။
ဘာပဲပြောပြော ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေကတော့ အဲဒီ ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါတွင်း ရောက်ရှိနိုင်ပြီး အင်္ဂါတွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းသူတွေ အနေနဲ့ နှလုံးလုပ်ငန်းဆောင်တာ ၁၀ ရာခိုင်နှုန်း လျော့ကျသွားတာဟာ ဘာမှ မဖြစ်လောက်ပေမယ့် နှလုံးရောဂါ ရှိသူတွေ အနေနဲ့ အလွန် ကွာခြားသွားနိုင်ပါတယ်။ 
တခြား လေ့လာမှုအရလည်း အဲဒီ ဓာတုပစ္စည်းတွေကို ထိုးပေးပြီး တစ်နာရီအတွင်းမှာ ကြွက်တွေရဲ့ ကြွက်သားကို အသုံးချနိုင်အားဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ထိုကျဆင်းနှုန်းဟာ တစ်နေ့လုံး ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ အီးယူရဲ့ ဥပဒေအရ Triclosan ကို အလှကုန်ပစ္စည်းနဲ့ သွားတိုက်ဆေးတွေမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းထိ ပါဝင်ခွင့်ပေးထားကြောင်း သိရပြီး ဒီလေ့လာမှုကို အမျိုးသား အကယ်ဒမီ သိပ္ပံမှ ထုတ်ဝေတဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
SM
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1