Thursday, September 20, 2012

ပိုလန်နိုင်ငံတွင် မြစ်ရေကျဆင်းမှုကြောင့် နှစ်ပေါင်း ၄၀၀ နစ်မြုပ်နေခဲ့သည့် စကျင်ကျောက်လက်ရာများအား ပြန်လည်တွေ့ရှိ

Ever November | 9/20/2012 01:39:00 PM | Best Blogger Tips

ပိုလန်နိုင်ငံတွင် မိုးခေါင်ပြီး မြစ်ရေ ခန်းခြောက်လာခြင်းကြောင့် နိုင်ငံအတွင်းရှိ ဗစ်စတူလာမြစ်အတွင်းသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က နစ်မြုပ်ခဲ့သည့် စကျင်ကျောက်ဖြင့် သွန်းလုပ်ထားသော ရှေးဟောင်းလက်ရာ ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းပစ္စည်းများတွင် ရှေးခေတ်နန်းတော်များတွင် အသုံးပြုခဲ့သည့် လှေကားထစ်များ၊ ရေပန်းနှင့် အခြားထောက်တိုင်များအဖြစ် အသုံးပြုသည့် ထွင်းထုပြီး စကျင်ကျောက်များ ပါဝင်သည်။ ၄င်းရှေးဟောင်းပစ္စည်းများကို နိုင်ငံအတွင်းသို့ ဆွီဒီနိုင်ငံမှ ၀င်ရောက်လာသည့် ကျူးကျော်သူများက ၁၇ ရာစုတွင် တိုက်ခိုက်လုယက်ခဲ့ခြင်းဖြစ်သည်။ ကျူးကျော်သူများသည် ၄င်းရှေးဟောင်း ပစ္စည်းများကို ၄င်းတို့၏ နေရပ်ဖြစ်သည့် ဆွီဒင်နိုင်ငံသို့ သင်္ဘောဖြင့် ပြန်လည်သယ်ဆောင်ရန် ကြိုးပမ်းစဉ် အဆိုပါ သင်္ဘောသည် ဝေါဆောမြို့သို့ဖြတ်၍ စီးဆင်းနေသည့် ဗစ်စတူလာ မြစ်အတွင်း၌ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသင်္ဘောသည် နှစ်ပေါင်း ၄၀၀ နစ်မြုပ်နေခဲ့ရာမျ ယခုကဲ့သို့ မြစ်ရေလျော့ကျနေချိန်တွင် ၄င်းအား မြစ်ပြင်အောက်ရှိ ရွှံ့မြေအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ ရှေးဟောင်း စကျင်ကျောက်လက်ရာများကို အာဏာပိုင်များက မြစ်အတွင်းမှ ပြန်လည်ဆယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1