Thursday, September 20, 2012

ကာရစ်ဘီယံဒေသ ရေအိုင်ကြီးများ ရေမျက်နှာပြင် ထူးထူးဆန်းဆန်း မြင့်တက်ခဲ့

Ever November | 9/20/2012 01:33:00 PM | Best Blogger Tips

ကာရစ်ဘီယံဒေသ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဒိုမီနီကန်သမ္မတနိုင်ငံမှ အင်ရီကွီလိုအမည်ရှိ ရေအိုင်ကြီးသည် လွန်ခဲ့သော ရှစ်နှစ်တာကာလအတွင်း အရွယ်အစား နှစ်ဆပိုမို ကြီးမားလာခဲ့ရာ ရေအိုင်ဝန်းကျင် လယ်မြေဧက ထောင်ပေါင်းများစွာနှင့် ကျေးရွာများ ရေအောက်နစ်မြုပ်ခဲ့ရကြောင်း စက်တင်ဘာ ၁၉ ရက် သတင်းများတွင် ဖော်ပြထားသည်။ အလားတူ ဒိုမီနီကန် သမ္မတနိုင်ငံ၏ အိမ်နီးချင်း ဟေတီနိုင်ငံတွင်လည်း အဇူရီအမည်ရှိ ရေအိုင်ကြီး အရွယ်အစား တဖြည်းဖြည်း ကျယ်ပြန့်လာမှုကြောင့် လူနေအိမ်များနှင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရကြောင်း သိရသည်။ အမှိုက်များ ပိတ်ဆို့မှုမှသည် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွသွန်းမှုအထိ ပါဝင်သော အကြောင်းအချက် အများအပြားသည် ယင်းရေအိုင်ကြီးများ မျက်နှာပြင် မြင့်တက်လာမှု၏ အကြောင်းတရားများ ဖြစ်နိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ အင်ရီကွီလိုနှင့် အဇူရီရေအိုင်များသည် တစ်ချိန်က သမုဒ္ဒရာရေပြင်ဖြစ်ခဲ့ဖူးသော မြေနိမ့်ဒေသတွင် တည်ရှိပြီး ရေထုအတွင်း ဆားဓာတ်ပါဝင်သည့် ရေအိုင်ကြီးများ ဖြစ်ကြသည်။ ဂြိုဟ်တုဓာတ်ပုံများအရ အဇူရီရေအိုင်သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ရေမျက်နှာပြင် သုံးပေ မြင့်တက်ခဲ့၍ စတုရန်းမိုင် ၅၂ မိုင်အထိ ကျယ်ဝန်းလာခဲ့ပြီး အင်ရီကွီလို ရေအိုင်သည်လည်း အလားတူနှုန်းမျိုးဖြင့် ရေမျက်နှာပြင်တက် ကျယ်ပြန့်လာကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1