Thursday, September 20, 2012

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနလက်အောက်ရှိ IMCEITS နှင့် ICTTI သင်တန်းဌာနများမှ သင်တန်းသားများ စတင်ခေါ်ယူ

Ever November | 9/20/2012 10:30:00 AM | Best Blogger Tips

ပြည်တွင်း/ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် လုပ်ငန်းခွင် အသင့်ဝင်ရောက်နိုင်သော IT ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာသင်တန်း (လှိုင်)တွင်

India Myanmar Center for Enhancement of IT Skills (IMCEITS) သင်တန်းဌာနနှင့် ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ICTTI သင်တန်းဌာနတို့မှ သင်တန်းများဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသားများအား စတင်ခေါ်ယူလျက်ရှိကြောင်း သိရသည်။ IMCEITS သင်တန်းဌာနတွင် Advanced  ICT Engineering Course နှင့် Mobile Coputing Course ဟူ၍ သင်တန်းခွဲ ၅ မျိုးနှင့် ICTTI သင်တန်းဌာနတွင် Software Development Course နှင့် Network Development Course စသည်ဖြင့် သင်တန်းခွဲပေါင်း ၁၃ မျိုးအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ Java Programming, Microsoft.Net Programming, Database Technology, Linux Server Development Cisco Router Management, Mobile and Wireless Technology, Android Programming နှင့် Project Management ဘာသာရပ်များကို စိတ်ဝင်စားသူများ တက်ရောက်နိုင်ပြီး လက်တွေ့ပိုင်းအား ဦးစားပေးသင်ကြားပေးကြောင်း၊ ထို့ပြင် Advanced Network Development Course များတွင် Cisco Device များ၊ Network Device များအား လက်တွေ့အသုံးပြု သင်ကြားပေး ကြောင်း၊ အဆိုပါသင်တန်းများအား အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာများ၊ projector များဖြင့် နိုင်ငံတကာသင်တန်းများ၏ သင်ကြားမှုနည်းစနစ်များအတိုင်း သင်ကြားပေးလျက်ရှိပြီး Online Exam System ဖြင့် စာမေးပွဲများဖြေဆိုရကြောင်း သိရသည်။ သင်တန်းပြီးဆုံးပါက အဖွဲ့လိုက် Project များလုပ်ဆောင်စေပြီး ကာလရှည်သင်တန်းများအတွက် အသိအမှတ်ပြု ဒီပလိုမာသင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးကြောင်းသိရသည်။ သင်တန်းများအား ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ အိုင်တီအထူးပြုဘွဲ့ ရရှိသူများနှင့် နည်းပညာတက္ကသိုလ်များမှ EC အထူးပြုဘွဲ့ ရရှိသူများ လျှောက်ထားနိုင်ပြီး သင်တန်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ ICTTI သင်တန်းဝင်ခွင့် စာမေးပွဲများအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်းကောင်း၊ IMCEITS သင်တန်းဝင်ခွင့် စာမေးပွဲအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင်လည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး သင်တန်းသားလျှောက်လွှာများအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းများကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက ဖုန်း-၀၁-၆၅၂ ၅၄၂ နှင့် ၀၁-၆၅၂ ၅၂၉ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။ အဆိုပါ IMCEITS နှင့် ICTTI သင်တန်းဆင်းများအား ပြင်ပအိုင်တီကုမ္ပဏီများ၊ အိုင်တီနှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမှ ဦးစားပေးအလုပ်များ ခေါ်ယူလျက်ရှိသောကြောင့် အိုင်တီပညာနှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ တက်ရောက်သင့်သည့် သင်တန်းဖြစ်ကြောင်း သိရသည်။ 
ရေးသားသူ -စိုးမြင့်ထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1