Saturday, September 1, 2012

ဖခင်၏ အသက်အရွယ်ကြီးခြင်းကြောင့် မွေးဖွားလာသော ကလေးများတွင် စိတ်ရောဂါ ဖြစ်နိုင်

Ever November | 9/01/2012 10:00:00 AM | Best Blogger Tips

အသက်ကြီးတဲ့ ဖခင်က မွေးတဲ့ ကလေးတွေဟာ အသက် ငယ်တဲ့ ဖခင်က မွေးတဲ့ ကလေးတွေထက် စိတ်ကစဥ့် ကလျား ရောဂါနဲ့ အော် တစ်ဇင် ရောဂါ ဖြစ်နိုင်ခြေ များကြောင်း  လေ့လာမှု အများအပြားအရ တွေ့ရှိ ခဲ့ ပါတယ်။ မိခင်တွေရဲ့ အသက်အရွယ်ဟာ ဒီစိတ်ရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။
အသက် ၂၀ အရွယ် ဖခင်က မွေးလာတဲ့ကလေးဟာ သန္ဓေပြောင်းလဲမှု ၂၅ ခုသာ ရှိပေမယ့် နှစ်စဉ်နှစ်တိုင်း သန္ဓေပြောင်းလဲမှု ဟာ နှစ်ခုမြင့်တက်သွားတာကြောင့် အသက် ၄၀ အရွယ် ဖခင်က မွေးလာတဲ့ ကလေးရဲ့ သန္ဓေပြောင်းလဲမှုဟာ ၆၅ ခု ရှိသွားနိုင်ပါတယ်။ မိခင်ဘက်မှာမူ ဘယ်အရွယ်ရောက်ရောက် သန္ဓေပြောင်းလဲမှု ၁၅ ခုသာ ရှိတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေ အနေနဲ့ မွေးလာကတည်းက သားဥအရေအတွက် တည်တည်ငြိမ်ငြိမ် ပါရှိခဲ့ပြီးဖြစ်ပေမယ့် သုက်ဆဲလ်တွေမှာမူ ၁၅ ရက် တစ်ကြိမ် အသစ်အသစ်တွေ ထုတ်လုပ်လျက် ရှိတာကြောင့်လို့ ဆိုပါတယ်။ သုက်ပိုး ထုတ်လုပ်စဉ်မှာ မျိုးရိုးဗီဇ အမှားအယွင်းတွေ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာရင် ပိုမှားယွင်းတတ်တာကြောင့်လို့ ဆိုပါတယ်။
သက်ကြီးဖခင်ကြောင့်ဖြစ်တဲ့ မျိုးရိုးဗီဇသန္ဓေ ပြောင်းလဲမှုဟာ ဦးနှောက်နဲ့အာရုံကြောနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဦးနှောက်ဟာ သူရဲ့ကြီးထွားမှုနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ မျိုးရိုးဗီဇပေါ် မှီခိုနေရတာကြောင့်ပါ။ အသက်ကြီးတဲ့မိခင်ကမွေးတဲ့ ကလေးတွေမှာတော့ ဒေါင်းရောဂါ လက္ခဏာစု တစ်မျိုးသာ ဖြစ်တတ်ပါတယ်။
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1