Thursday, September 20, 2012

ဂိုးပေါက်ပျောက်ဆုံး နေမှုအပေါ် စိုရိမ်ခြင်း မရှိသည့် ဂီရော့ဒ်

Ever November | 9/20/2012 09:49:00 AM | Best Blogger Tips
ဂိုးပေါက်ပျောက်ဆုံးနေမှု အပေါ် စိုးရိမ်မှု မရှိသည့် ဂီရော့ဒ်
အာဆင်နယ် အသင်းတွင် ဂိုးပေါက် ပျောက်ဆုံးနေ သော်လည်း ဂီရော့ဒ်သည် ယင်းလက်ရှိ ပုံစံအတွက် စိုးရိမ်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဂီရော့ဒ်သည် ယမန်နေ့က ချန်ပီယံလိဂ် ပွဲစဉ်တွင် ယင်း၏ အသင်းဟောင်းနှင့် ပြန်လည် ရင်ဆိုင်ခဲ့ပြီး အသင်းသစ်က (၂-၁)ဖြင့် အနိုင်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသူ ဖြစ်သည်။ သို့သော်လည်း ဂီရော့ဒ်သည် ယင်း၏ လက်ရှိပုံစံ အပေါ် စိုးရိမ်မှုမရှိပဲ ပရီးမီးယားလိဂ် ပွဲစဉ်များနှင့် အံ့ဝင်မှု ရှိသည့်အခါတွင် ဂိုးသွင်းယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
ဂီရော့ဒ်သည် မောင့်ပယ်လီယာ အသင်းတွင် လိဂ်ပွဲစဉ် (၇၃)ပွဲ ပါဝင်ကစားခဲ့ကာ (၃၃)ဂိုး သွင်းယူနိုင်ခဲ့ပြီး ယမန်နှစ် ရာသီက လီဂူ-၁ အမှတ်ပေး ဖလားကို ရယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1