Thursday, September 13, 2012

ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အိမ်အကူမိန်းကလေးသေဆုံးမှုတွင် ကျူးလွန်သူဟု စွပ်စွဲခံထားရသူမှ ၀န်ခံမှုများရှိခဲ့သည်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြောကြား

Ever November | 9/13/2012 11:32:00 AM | Best Blogger Tips
စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးတွင် ပြုလုပ်သော 
သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

ကမာရွတ်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အိမ်အကူမိန်းကလေး သေဆုံးမှုတွင် ကျူးလွန်သူဟု စွပ်စွဲခံထားရသူမှ ၀န်ခံမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ ခန္ဓာကိုယ်အား စစ်ဆေးချိန်တွင် ဒဏ်ရာများ တွေ့ရှိသဖြင့် ပတ်ဝန်းကျင်နေသူများနှင့် သေဆုံးသူအပြင် နောက်ထပ်အိမ်အကူမိန်းကလေးအား မေးမြန်းရာတွင် အိမ်ရှင်ဖြစ်သူ မမေဇွန်(ခ) မျိုးဇာနည်ဇွန်သည် မကြာခဏ ရိုက်လေ့ရှိကြောင်း၊  စိတ်မထင်ပါက ဗိုက်ပေါ်သို့လည်း တက်ခုန်လေ့ရှိကြောင်း၊ အိမ်အကူအချင်းချင်း အပြန်အလှန် ကြက်မွှေးဖြင့် ရိုက်ခိုင်းသည်များလည်းရှိကြောင်း၊ ထို့အပြင် သေဆုံးသူ အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ နံရံနှင့် ဦးခေါင်းကို စောင့်ခြင်းနှင့် နှစ်တစ်လက်မတုတ်ဖြင့် ရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် စာတန်းဖတ်ရန်အတွက် ပုသိမ်သို့အခြား အိမ်အကူနှင့်အတူသွား ရောက်ခဲ့ပြီး သေဆုံးသူအား တိုက်ခန်းတွင် သော့ခတ်၍ထားခဲ့ကာ သေဆုံးခြင်း မရှိသေးကြောင်း၊ ယခင်ကလည်း ထိုကဲ့သို့ ခရီးသွားလျှင်သော့ ခတ်သွားလေ့ရှိကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့ နေအိမ်သို့ ပြန်ရောက်မှသာ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ၎င်းအနေဖြင့် ရိုက်နှက်မှုများ ကျူးလွန်ခဲ့သည်ကိုလည်း ၀န်ခံခဲ့ကြောင်း မမေဇွန် (ခ) မျိုးဇာနည်ဇွန်အား စစ်ဆေးချက်များအရ သိရသည်။
''ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာ ဒဏ်ရာဒဏ်ချက်ရှိလာရင် ဘယ်လိုပဲပြောပြော ဒါလူသတ်မှု ဖြစ်ချင်လည်းဖြစ်မယ်။ လူသတ်မှုမမြောက်တဲ့ လူသေမှုဖြစ်ချင်ဖြစ်မယ်။ ဒဏ်ရာဒဏ်ချက် တွေ့လာတယ်။ သေနေတာတွေ့တဲ့အတွက် ဘာပဲပြောပြော လူသတ်မှုလို့ ကျွန်တော်တို့ကတော့ ဖွင့်မှာပဲ။ လူသတ်မှုနဲ့ဖွင့်ပြီး အရေးယူဆောင်ရွက်မှုပြီးမှသာလျှင် တရားရုံးမှာစစ်ဆေးရင်းနဲ့မှ ဒီအမှုသည် လူသေမှုဖြစ်ရင် ဖြစ်သွားမယ်။ သက်ဆိုင်ရာ တရားရုံးရဲ့ အနေအထားနဲ့ ပုဒ်မပြောင်းလဲစွဲချက်တင်တာမျိုး ဖြစ်မှာပါ။ လက်တစ်လောတော့ လူသတ်မှုနဲ့ စစ်ဆေးမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဦးစီ(၂)ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက ပြောပါသည်။
မမေဇွန်(ခ)မျိုးဇာနည်ဇွန်သည် MRTV-4 မှ ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူဖြစ်ပြီး သေဆုံးသူ မနုနုလွင်(၁၈)နှစ်သည် လွန်ခဲ့သော ၅ လခန့်က ပုသိမ်မှ ရန်ကုန်သို့ ရောက်ရှိလာခဲ့ကာ မကြာခဏ နှိပ်စက်ခံရလေ့ရှိကြောင်း၊ အခြားအိမ်အကူတစ်ဦးမှာလည်း ရန်ကုန်သို့ ရောက်ရှိနေသည်မှာ တစ်လခန့်သာ ရှိသေးကာ ၄င်းတွင်လည်း နှိပ်စက်ခံထားရသည့် ဒဏ်ရာများရှိသဖြင့် နာကျင်စေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထို့အပြင် ယခုကဲ့သို့မှုခင်းဖြစ်စဉ်များ ဖြစ်ပွားလာပါက သတင်းအချက်အလက်များ မှားယွင်းမှုမရှိစေရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ မေးခွင့်ရှိကြောင်း၊ သက်ဆိုင်ရာစခန်းများအားလည်း ဖြစ်စဉ်များအား မိမိတို့ သိသလောက် ပြောပြပေးရန်နှင့် မသိရှိ၍ မပြောပြနိုင်သည့်အချက်များကိုလည်း မသိရှိကြောင်း အကြောင်းအရင်းဖြင့်  ပြန်လည်ရှင်းလင်းပြောကြားရန် မှာကြားထားကြောင်းလည်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1