Saturday, September 1, 2012

၂၀၁၁ ခုနှစ်တွင် အမေရိကန် လက်နက်ရောင်းချမှု အမြင့်ဆုံးသို့ ရောက်ရှိ

Ever November | 9/01/2012 09:40:00 AM | Best Blogger Tips

အမေရိကန်နိုင်ငံ၏ ၂၀၁၁ ခုနှစ် လက်နက်ရောင်းချမှုနှုန်းသည် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် သုံးဆနီးပါး မြင့်တက်လာကြောင်းနှင့် လက်နက် အဓိက ၀ယ်ယူသည့် နိုင်ငံများမှာ အာရပ်နိုင်ငံများဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်နိုင်ငံ၏ လက်နက်ရောင်းချမှုသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မယုံကြည်နိုင်လောက်အောင် မြင့်တက်ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် လက်နက်အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်ပြီး Apache နှင့် Black Hawk ရဟတ်ယာဉ်များ အပါအ၀င် F-15 တိုက်လေယာဉ် ၈၄ စင်း၊ ခဲယမ်းများ၊ ဒုံးကျည်များကို အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄ ဘီလီယံဖိုး ၀ယ်ယူခဲ့သည်။ ထို့အပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ ဒုံးကျည် ကာကွယ်ရေး စနစ်ကို ၀ယ်ယူခဲ့သည့်အပြင် အမေရိကန်ဒေါ်လာ ၉၃၉ သန်း တန်ဖိုးရှိ Chinook ရဟတ်ယာဉ် ၁၆ စင်းကိုလည်း ၀ယ်ယူခဲ့သည်။ အလားတူ အိုမန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ် ၁၈ စင်း၊ အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ပို့ဆောင်ရေး ယာဉ်များနှင့် တရုတ် (တိုင်ပေ)က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို အမေရိကန် ပြည်ထောင်စုမှ ၀ယ်ယူခဲ့သည်ဟု သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1