Saturday, September 1, 2012

ကျူးဘားနိုင်ငံတွင် ဓာတ်ဆီဆိုင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား ၃၁ ဦး ဒဏ်ရာရ

Ever November | 9/01/2012 10:08:00 AM | Best Blogger Tips

ကျူးဘားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်သော ဆန်တီယာဂိုဒီကျူးဘားမြို့တွင် သြဂုတ် ၂၈ ရက် နှောင်းပိုင်းက ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ငါးဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း နိုင်ငံပိုင် သတင်းဌာနတစ်ခုက သြဂုတ် ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖြစ်ပွားပုံမှာ အဆိုပါမြို့တောင်ဘက်ပိုင်းတွင် တည်ရှိသည့် ဓာတ်ဆီဆိုင်တစ်ဆိုင်မှ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို ကုန်တင်ယာဉ်တစ်စီးက ၀င်တိုက်မိခဲ့ရာမှ လောင်စာဆီများ ယိုဖိတ်မှု ဖြစ်ပွား ခဲ့ကြောင်း၊ လောင်စာဆီများ ယိုဖိတ်မှုကြောင့် ကုန်တင်ယာဉ် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဒေသ စံတော်ချိန် ည ၇ နာရီခွဲခန့်တွင် ဓာတ်ဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1