Thursday, September 20, 2012

GSM ဖုန်းကတ်နှင့် တွဲဖက်အသုံးပြုနိုင်သော Mini DV Record Camera

Ever November | 9/20/2012 10:15:00 AM | Best Blogger Tips

ပြည်တွင်းဈေးကွက်ထဲသို့ GSM ဖုန်းကတ်နှင့် တွဲဖက်အသုံးပြုနိုင်သော ဂျပန်နိုင်ငံထုတ် GSM Mini DV Record ကင်မရာတစ်မျိုး ၀င်ရောက်လာကြောင်း သိရသည်။ အဆိုပါ GSM Mini DV သည် GSM ဖုန်းကတ်ဖြင့်သာ ချိတ်ဆက်၍ အသုံးပြုရမည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် GSM Mini DVတွင် GSM ဖုန်းကတ်တစ်ကတ် ထည့်သွင်းထားရမည်ဖြစ်သည်။

အပြင်သို့သွားသည့်အချိန်များတွင် မိမိအိမ်သို့ သံသယရှိသူ တစ်စုံတစ်ယောက် ၀င်ရောက်လာသည့်အခါတွင် အဆိုပါ GSM Mini DV မှအသုံးပြုသူ၏ ဖုန်းသို့ ဓာတ်ပုံရိုက်ကူးကာ Message လှမ်းပို့ပေးမည်ဖြစ်သည်။ အဆိုပါ GSM Mini DV နှင့် ပတ်သက်၍ AGK မှတာဝန်ရှိသူတစ်ဦးက“မိမိတို့ရဲ့အိမ်၊ ရုံးစတာတွေမှာ လုံခြုံရေးပစ္စည်းအနေနဲ့ အသုံးပြုမယ်ဆိုရင် အဆင်ပြေပါတယ်။ ဒီ GSM Mini DV က မိမိမရှိတဲ့အချိန်မျိုးမှာ အိမ်ထဲကိုပဲဖြစ်ဖြစ်၊ စက်ရုံ၊အလုပ်ရုံထဲကိုပဲဖြစ်ဖြစ် သံသယရှိသူ ၀င်ရောက်လာရင် ဓာတ်ပုံရိုက်ကူးပေးပြီး ကိုယ်သုံးနေတဲ့ ဖုန်းကို Message လှမ်းပို့ပေးမှာ ဖြစ်ပါတယ်” ဟုဆိုသည်။ GSM Mini DV သည် ပြည်တွင်းဈေးကွက်သို့ စက်တင်ဘာလဆန်းမှစ၍ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး အားသွင်းအသုံးပြုနိုင်သည့် အမျိုးအစားဖြစ်သည်။ ဘက်ထရီကို အားအပြည့်သွင်းထားပြီး အသုံးပြုမည်ဆိုပါက တစ်နာရီခွဲမှ နှစ်နာရီခွဲအထိ အသုံးပြုနိုင်သည်။ Image Resolution အနေဖြင့် 320x240 အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Internal Memory မပါဝင်ဘဲ TF ကတ်ဖြင့် 8GB အထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ GSM Mini DV ကို AGK CCTV အရောင်းစင်တာဖုန်း ၂၄၆၆၆၉ သို့ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ 
ရေးသားသူ -အေးဖြူ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1