Monday, October 8, 2012

ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအား နည်းဆဲလ် 93B စတင် ဖြစ်ပေါ်လျှက်ရှိ

Ever November | 10/08/2012 12:23:00 PM | Best Blogger Tips
  လေဖိ အားနည်း ဆဲလ် 93B စတင် ဖြစ်ပေါ် လျှက်ရှိသည့် အခြေ အနေ ပြပုံ(အပေါ်)

လေဖိအား နည်းဆဲလ် 93B ဖြစ်ပေါ် နေသည့် ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းမှ တိမ်တိုက် စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေကို အောက်တို ဘာလ(၈)ရက် မြန်မာ စံတော်ချိန် နံနက် ၀၈၃၀ နာရီတွင် ရရှိသည့် ဂြိုလ်တု ဓါတ်ပုံတွင် အောက်ပါ အတိုင်း တွေ့မြင်ရပါသည်။
By mmweather.ygn, on October 8th, 2012

အောက်တိုဘာလ(၈) ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် 93B စတင်ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် 93B သည် စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၄၀ ခန့်၊ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်၊ Bhubanneswar မြို့ အရှေ့တောင်ဘက် မိုင် ၁၆၀ခန့် – ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်- အနောက်တောင်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် JTWC မှ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ နည်းပါးနေသေးကြောင်း(LOW အဆင့်မှာပင် ရှိနေကြောင်း)ထုတ်ပြန်ထားပါသည်။

မိုးလေ၀သသတင်း
(၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။

ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။
လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိမည်။
MNN

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1