Monday, October 8, 2012

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို

Ever November | 10/08/2012 12:50:00 PM | Best Blogger Tips
မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီး စသည့် ဒေသများသည် ပုံမှန် မိုးနည်း ရေရှားသော အရပ်ဒေသများ ဖြစ်ကြောင်း၊ ယင်းအ ရပ် ဒေသများ၏ အဓိက ပြဿနာများမှာ မုတ်သုံမိုး မရရှိ ခြင်း ဖြစ်သည့် အတွက် ခြောက်သွေ့ သော ဒေသများဖြစ်နေကြောင်း၊ ယင်းကြောင့် အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသော လေများ မှာလည်း ရေငွေ့မပါဝင် ဘဲ ပူပြင်းခြောက်သွေ့မှုများ ဖြစ်ပေါ် ကြောင်း၊ အဆိုပါ ဒေသများသည် ရေ ရရှိမှသာ ရှင်သန်နိုင်သော ဒေသများ လည်းဖြစ်နေပြီး ဧရာဝတီမြစ်ကြီးကို မှီခို၍ မြစ်ရေတင် စီမံကိန်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း၊ လက်ရှိ ရာသီဥတု အနေ နှင့် အလယ်ပိုင်းဒေသကို ကန္တာရဆန် သော ရာသီဥတုဟု သတ်မှတ်ထားရာ တွင် ဧရာဝတီ မြစ်ဆုံတွင် ဆည်၊ တာတမံများ ဆက်လက် တည်ဆောက်မည် ဆိုပါက ကန္တာရဆန်သော မြေမှ ကန္တာရမြေ၊ သဲကန္တာရ အထိ ဖြစ်သွား နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
"အဲလိုဖြစ်တာတွေ ကမ္ဘာမှာ သာဓက တွေ အများကြီးရှိပါတယ်။ ဒီတစ်ချက် တည်းနဲ့ကို ကျွန်တော် သေသည် အထိ ကန့်ကွက်ဖို့ ဆုံးဖြတ် ထားပါတယ်။ ဘာလို့ လဲဆိုတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ကြုံရမယ့် ပြဿနာဟာ မိုးလေဝသ ပြဿနာ ဖြစ်နေ ပါတယ်" ဟု ၎င်းကဆိုသည်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1