Monday, October 8, 2012

"အနုပညာ အလုပ်လုပ်ရင်း လူတွေကို ဘယ်လိုဆက်ဆံ ရမလဲဆိုတာ သိလာကြောင်း သဉ္ဇာနွယ်ဝင်းပြော"

Ever November | 10/08/2012 12:41:00 PM | Best Blogger Tips

လတ်တလောမှာ သဉ္ဇာနွယ်ဝင်းက ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ “လွမ်း တိုင်း မရပ်တဲ့ သံယောဇဉ်ရထား” ဇာတ်ကားမှာ နေမင်း၊ စံရတီ မိုးမြင့် တို့ နဲ့ အတူ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားမှာ သဉ္ဇာနွယ်ဝင်း က နေ မင်း ရဲ့သူငယ်ချင်း ချစ်သူ တစ်ယောက် အဖြစ် သရုပ်ဆောင် ထား ပါ တယ်။ ကားရိုက်တွေ များလာ ပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်း က ဇာတ်လမ်းတွေ ကို ရွေးချယ်ပြီး ရိုက်ကူးသွားမယ်လို့ ပြောပါတယ်။ “သဉ္ဇာက နဂိုက တည်း က ဇာတ်ရွေးလို့ရှိရင် ကိုယ့်ကို ဦးစားပေးတဲ့ ဇာတ်ပုံစံ မျိုးပေါ့။ ကိုယ့်အ တွက် ကျန်မယ့် ဇာတ် ကိုပဲ ရွေးပြီး ရိုက်ဖြစ်တယ်။ ပြီးတော့ လုပ်ကွက်ရ မယ့် ကားလေးပေါ့။ သဉ္ဇာက အဓိကကျမယ့် နေရာမျိုးကို သူတို့ ပေးမယ် ဆိုရင် ဘယ်အခန်းပဲဖြစ်ဖြစ် ရိုက်ဖြစ်မှာပါ”လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်းက ကိုယ်ကိုယ်တိုင်ကလည်း ပေါ့ပေါ့ပါးပါး ဇာတ်တွေနဲ့ ပိုလိုက်ဖက်တယ် လို့ ထင်ကြောင်းပြောပါတယ်။ ကားရိုက်တွေ ဆက်လာ တာနဲ့အမျှ စီနီယာ အနုပညာရှင်တွေ နဲ့တွဲပြီး သရုပ်ဆောင် ရတဲ့အတွက် သူတို့ဆီက ပ ညာတွေ လည်း အများကြီးရခဲ့ ကြောင်းကို “အခုတော်တော်လည်း ကား ရိုက် တာ ရှေ့မှာလည်းရှိပြီး သွားပြီဆိုတော့ သူတို့ တအားသင်ပြရ တာမျိုးတော့ မရှိတော့ဘူး။ သူတို့ရဲ့ အိုက်တင်တွေ ကို လေ့လာဖြစ်ပါ တယ် ” လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း က ကိုယ့်ကားလေးတွေ ထွက်လာ ရင် လည်း ပရိသတ် တစ်ယောက်အဖြစ် အမြဲတမ်းဝေ ဖန်ဖြစ်နေ တယ် လို့ ပြော ပါ တယ်။ “ကိုယ့်ကားထွက်ရင် အမြဲတမ်း ကြည့်တယ်။ ကိုယ် ဘယ်နေ ရာလေးမှာ ဘာလို့လဲ ဆိုတာရယ်၊ သူများတွေ ပြော တာထက် စာရင် ကိုယ်ကိုယ် တိုင်က ဒါလေးကို သိပြီးတော့မှ လိုက် လုပ်တာက ပိုပြီး အဆင်ပြေတယ်။ ကားတွေလည်း ပြန်ကြည့်ရင် ပရိသတ် တစ်ယောက် ပုံစံ ခံစားပြီး ကြည့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကားတွေကို အဓိက အားပေး မှာက ပရိသတ်တွေလေ။ ဒီအလုပ် မလုပ်ခင်က သဉ္ဇာနွယ်ဝင်းက ဘာမှ သိပ် မသိဘူး။ လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာလည်းမသိဘူး။ စကားပြောတဲ့ အခါမှာလည်းဘယ်လို အဓိပ္ပာယ် ရောက် သွားမလဲဆိုတာ နားမလည်ဘူး။ အခုတော့ ဒီအနုပညာ အလုပ်က လူတွေအများကြီး နဲ့ ဆက်ဆံရတဲ့အချိန်ကျတော့ လူတွေကိုဘယ်လို ဆက်ဆံရမလဲဆိုတာကို အနည်းအကျဉ်းတော့ သိလာတယ်”လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း က နောက် ထပ် လည်း ကြော်ငြာတွေနဲ့ ဗီဒီယိုကားတွေ အများကြီး ရိုက်ကူးဖို့ ရှိကြောင်းပြောပါ တယ်။

တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1