Friday, October 19, 2012

အမေရိကန်နိုင်ငံရှိ ရေနံချက်စက်ရုံမှ အဆိပ်ဓာတ်ငွေ့များယိုစိမ့်

Ever November | 10/19/2012 02:37:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ တက္ကဆက်မြို့တွင် ရေနံချက်စက်ရုံတစ်ရုံမှ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ယိုစိမ့်ထွက်ရှိနေမှုကြောင့် ယင်းနယ်မြေကို သတိပေးချက် ထုတ်ပြန်ထားကြောင်း အမေရိကန် မီဒီယာများက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြသည်။ ဘီပီကုမ္ပဏီပိုင် အဆိုပါ ရေနံချက်စက်ရုံမှ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ယိုစိမ့် ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆာလ်ဖာဒိုင်အောက်ဆိုက်များ ထွက်ရှိနေမှုကို မထိန်းချုပ်နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယင်းစက်ရုံမှ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့များထွက်ရှိပြီး စက္ကန့်အနည်းငယ်အကြာတွင် သတိပေးချက် အဆင့်သုံးကို ထုတ်ပြန်ခဲ့သည်။ ၄င်းစက်ရုံမှ ၀န်ထမ်းများ အားလုံးကိုလည်း ဘေးကင်းရာသို့ အမြန်ရွေ့ပြောင်းပေးခဲ့သည်။ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် အဆိပ်ဓာတ်ငွေ့တစ်မျိုးဖြစ်ရာ ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ရုတ်တရက်သေဆုံးနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အေဂျင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါရေနံချက်စက်ရုံသည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က မတော်တဆ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းစက်ရုံကို မာရသွန်ရေနံကော်ပိုရေးရှင်သို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချရန် ဘီပီကုမ္ပဏီက သဘောတူထားကြောင်း ယခုလအစောပိုင်းက သတင်းထုတ်ပြန်ထားသည့် စက်ရုံဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1