Friday, October 19, 2012

ကာရိုးလ်ကို ဇန်နဝါရီတွင် ပြန်ခေါ်မည် မဟုတ်ဟု ရော့ဂျာ အတည်ပြု

Ever November | 10/19/2012 01:59:00 PM | Best Blogger Tips

တိုက်စစ်သမား ပြတ်လပ်မှုများ ရှိနေသော်လည်း အန်ဒီကာရိုးလ်ကို ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက် ကာလအတွင်း အန်ဒီကာရိုးလ်ကို ပြန်ခေါ်ရန် အစီအစဉ် မရှိဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။

လီဗာပူးလ်သည် နွေရာသီက ကာရိုးလ်ကို ဝက်စ်ဟမ်း ယူနိုက်တက်ထံ အငှားချခဲ့ပြီး တိုက်စစ်သမား ပြန်မဖြည့်တင်းနိုင်သဖြင့် လူးဝစ် ဆွာရက်ဇ်၊ ဖေဘီယို ဘော်ရီနီတို့ နှစ်ဦးတည်းဖြင့်သာ ရှေ့ဆက် ခဲ့ရသည်။ သို့သော်လည်း အီတလီ တိုက်စစ်မှူး ဘော်ရီနီမှာ ဒဏ်ရာကြောင့် (၃)လ နားရတော့မည်ဖြစ်ရာ ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ် တစ်ဦးသာ လီဗာပူးလ် တိုက်စစ်တွင် ကျန်ရှိတော့သည်။ ထိုအခြေအနေတွင် ကာရိုးလ်ကို အန်းဖီးလ်တွင် ပြန်လည်တွေ့မြင်လာရနိုင်ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ရော့ဂျာက ငြင်းဆိုသွားခဲ့သည်။
"ကျွန်တော် တွေးထားတဲ့ အစီအစဉ်က အဲဒါ မဟုတ်ပါဘူး။ ရိုးရိုးသားသားပဲ ပြောတာပါ။ ခုလောလောဆယ် ကာရိုးလ်က သူကိုယ်စားပြုတဲ့ အသင်းမှာ ကစားနေပါတယ်။ သူဘယ်လို တိုးတက်လာတယ် ဆိုတာကိုပဲ ကျွန်တော်တို့ စောင့်ကြည့်နေရုံပါပဲ။ ဘော်ရီနီရဲ့ ဒဏ်ရာပြဿနာ ရှိနေပေမယ့် ကာရိုးလ်ကို ပြန်ခေါ်ဖို့က ဖြေရှင်းချက် တစ်ခု မဟုတ်ဘူးလို့ ထင်ပါတယ်"ဟု ရော့ဂျာက သုံးသပ်ခဲ့သည်။ ၎င်းက လီဗာပူးလ်တွင် ရာဟင်စတာလင်၊ ဆူဆိုနှင့် အန်ဒရီ ဝစ္စဒမ်းတို့ကဲ့သို့ လူငယ်များ နေရာရလာခြင်းနှင့်အတူ တိုက်စစ်တွင် လူငယ်များကို နေရာပေး ပွဲထုတ်ရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်းအား အတိအကျ မဖြေနိုင်ကြောင်း ဝန်ခံခဲ့သည်။

"အသင်းကြီးမှာ ကစားဖို့ဆိုတာ လူငယ် ကစားသမားတိုင်း ဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တိုက်စစ်အတွက် ကျွန်တော်တို့ ဘယ်လို စီစဉ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပါဘူး"ဟု ၎င်းက ဆိုသည်။ လီဗာပူးလ် အသင်း၏ ပွဲထွက်ဂိုးသမား ပီပီ ရေနာမှာလည်း စပိန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရင်း တံကောက်ကြော နာကျင်မှုကြောင့် ရက်ဒင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ရန် မရေရာဘဲ ဘရက်ဒ်ဂျုံးစ် ပွဲထွက်လာဖွယ် ရှိနေကြောင်း သိရသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1