Friday, October 19, 2012

နိုင်ငံတကာ ငွေထုတ်ကတ်များ ပြည်တွင်း၌အသုံးပြုရန် ဗဟိုဘဏ်ကခွင့်ပြု

Ever November | 10/19/2012 11:30:00 AM | Best Blogger Tips

နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော ငွေထုတ်ကတ် ၄ မျိုးကို ပြည်တွင်း၌အသုံးပြုရန် ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံထုတ် ဗီဇာကတ်နှင့် မာစတာကတ်၊ တရုတ်နိုင်ငံထုတ် CUP ကတ်၊ ဂျပန်နိုင်ငံထုတ် JBC ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“အသုံးပြုချင်တဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အသုံးပြုလို့ရရှိအောင် ဗဟိုဘဏ်က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုလို့တော့ မရသေးပါဘူး။ ၂၀၁၃ နှစ်ဆန်းလောက်တော့ ပြည်တွင်းမှာ အသုံးပြုနိုင်မှာပါ” ဟု သမ၀ါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါကတ်များ ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် ဆော့ဖ်ဝဲပိုင်းဆိုင်ရာများ၊ လုပ်ငန်းပိုင်းဆိုင်ရာများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ကတ်များ အသုံးပြုခွင့်ရရှိစေရန်အတွက် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များ၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ MIT ကုမ္ပဏီစသည်တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို သက်ဆိုင်ရာသို့ တင်ပြခဲ့ကြောင်း၊ ထိုသို့တင်ပြခဲ့ပြီးနောက် ဗဟိုဘဏ်က ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်များကို ၂၀၁၃ ဆီးဂိမ်းအမီ အသုံးပြုနိုင်မည်ဖြစ်သည်။ အဖွဲ့ဝင်ဘဏ် ၁၇ ဘဏ်ပါဝင်သော Myanmar Payment Union အနေဖြင့် အဆင့် ၃ ဆင့်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ရာ ဆောင်ရွက်ချက်တစ်ခုအနေဖြင့် နိုင်ငံတကာကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ခြင်းဖြစ်သည်။ MPU ၏ ပထမအဆင့်ကို ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော်လျက်ရှိပြီး ယခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် MPU ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့်ကို ၂၀၁၂-၂၀၁၃ တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ နိုင်ငံတကာကတ်များဖြစ်သော CUP, Visa, Master, JCB, Asean ကတ်များကို လက်ရှိ MPU ကွန်ရက်တွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ တတိယအဆင့်ကို ၂၀၁၄-၂၀၁၅ တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိထုတ်ဝေမည့် MPU Debit ကတ်များကို နိုင်ငံတကာကွန်ရက်တွင် ငွေပေးချေမှုပြုလုပ်နိုင်ရန် အဓိကရည်ရွယ်ကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1