Sunday, October 7, 2012

နေ့ လည်ကျောင်းဆင်း ထမင်းစားနားချိန်တွင် ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရ

Ever November | 10/07/2012 09:51:00 AM | Best Blogger Tips
ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရမှုမြင်ကွင်း

အောက်တိုဘာ၂ရက်နေ့ က နေ့ လည်ပိုင်းထမင်းစားကျောင်းဆင်းချိန်တွင်စစ်ကိုင်းမြို့ နယ်၊မယ်ဇလီ ချောင်း အုပ်စု၊ ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း သိရသည်။

ယင်းမီးလောင်မှုမှာ၄၅မိနစ်ခန့်ကြာမြင့်ပြီးအဆောက်အဦးတစ်ခုလုံးမီးလောင်ကျွမ်းခံရပြီးမှမီးငြိမ်းသွားခြင်း
 ဖြစ်သည်။ မီးလောင်ခံရသော အဆောက်အဦး မှာအလျား ၄၅ပေ၊ အနံ ၁၈ပေအရွယ်ရှိ သွပ်မိုး၊ ထရံကာအဆောက်အဦး ဖြစ်သည်။

''မီးလောင်တာက ဆရာမတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေမရှိချိန်မှာ လောင်တာ။ မီးလောင်ချိန်မှာ အနားမကပ်နိုင်လို့ မငြိမ်းသတ်နိုင်ဘဲဖြစ်ရတယ်။ဒီကျောင်းကို ၁၉၈၈ ကဆောက်လုပ်ခဲ့တာပါ။ အစက ဝါးကပ်မိုး၊ ထရံကာပါ။ ကျောင်း အုပ်ဆရာမ ကြီး ဒေါ်ဌေးဌေးဆင့် လက်ထက်မှာ သွပ်မိုးဖြစ်လာတာပါ။

စာသင်ဆောင်တစ်ခုလုံး အလောင်ခံရသလို ထိုင်ခုံ ၁ရလုံး၊ဗီရိုတွေနဲ့ကလေးတွေရဲ့လွယ်အိတ်၁၄လုံးလည်း မီးလောင်တဲ့အထဲ ပါသွား ပါတယ်။''ဟု ချောင်း ဦး ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်လေးကပြောသည်။

ချောင်းဦးကျေးရွာမှာ စစ်ကိုင်းမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိပြီး ဧရာဝတီမြစ်ကမ်းနံဘေးရှိ ရွာဖြစ်သည်။

အိမ်ခြေ၅ဝရှိပြီးအ.မ.ကကျောင်းတွင် ကျောင်းအုပ်ဆရာမတစ်ဦး၊လက်ထောက်ဆရာမတစ်ဦးတို့က ကျောင်း
သား၊ ကျောင်းသူ ၃၁ ဦးတို့  အား စာသင်ကြားပေးလျက်ရှိသည်။

 မီးလောင်ကျွမ်းမှုကိစ္စနှင့်ပတ်သတ်၍စစ်ကိုင်းမြို့ နယ်၊မင်းကွန်းရဲစခန်းမှလူမရှိချိန်တွင် လောင်ကျွမ်းခြင်း  ဖြစ်
သဖြင့် မသင်္ကာသူ   မယ်ဇလီချောင်းကျေးရွာမှလူတစ်ဦးကို ခေါ်ယူ စစ် ဆေး မေးမြန်း လျက်ရှိကြောင်း သိရသည်။
''ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလှိုင်ဆိုရင် ကျောင်းမီးလောင်ခံရလို့ငိုရှာတယ်။ရွာကအိမ်ခြေနည်းတဲ့ရွာ
ဖြစ်တာတကြောင်း၊လက်လုပ်လက်စားဆင်းရဲသားတွေ နေတဲ့ရွာဖြစ်တာ ကြောင့် ကျောင်းသစ်ဆောက်ဖို့ မလွယ်ပါဘူး။

 အောက် တိုဘာ ၄ရက်နေ့က အလှူခံရတဲ့ငွေရယ်၊ လာရောက်လှူဒါန်းတဲ့ငွေရယ်ပေါင်းပြီး ၄ခန်း၊ ၂ခန်းယာယီကျောင်းဆောင်လေး ဆောက်ထား ပါတယ်။

အခြေအနေပေးမယ်ဆိုရင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် မှာပါ။ စာသင်ခုံ နဲ့ ထိုင်ခုံတွေ လည်းမယ်ဇလီချောင်းနဲ့ ချောင်းဦးရွာကလှူလို့ထိုက်သင့်သလောက်ရပြီးပါပြီ။''ဟုမယ်ဇလီချောင်း  ကျေးရွာမှ ရာအိမ်မှူးဦးဆွေကပြောသည်။
YMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1