ရန်ကုန်မြို့တွင်း ကမ္ဘာငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူများအား လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ (၅) ရက်နေ့က စတင်ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။
 ဦးဆောင်သူများဖြစ်သည့် ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန် တို့အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။
 တရားစွဲခံရသူများကို
 ဥပဒေပုဒ်မ(၁၈)ဖြင့် မြို့နယ်(၁၀)ခုမှ တရားစွဲခဲ့ခြင်းဖြစ်ကာ 
လှိုင်မြို့နယ်တွင် စခန်းမှုး ဦးသိန်းဆွေမှ တရားလိုပြသက်သေပြုလုပ်ခဲ့သည်။ 
 “ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာတော့ စခန်း(၁၀)ခုကိုသွားပြီး အမှုစစ်ဆေးခံခဲ့ရတယ်။  တရားပြန်စွဲခြင်း
 မစွဲခြင်းကတော့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ရဦးမယ်။ ကျွန်တော်တို့ဘက်က 
ဘယ်လိုကာကွယ်လို့ ရမလဲ ခုခံလို့ရမလဲဆိုတာကိုပေါ့ 
ရတဲ့အနေထားအတိုင်းတော့လုပ်သွားမှာပါ။” ဟု တရားစွဲဆိုခံထားရ သူ ကိုမိုဃ်းသွေးက ပြောသည်။
 အမှုအား
 ချက်ချင်းစစ်ဆေးခြင်းကို လက်ခံနိုင်မှုမရှိသဖြင့် ၄င်းတို့ဘက်မှလည်း 
ရှေ့နေခေါ်ယူ ပြီးမှသာ စစ်ဆေးခံနိုင်မည်ဖြစ်ကြောင်း တရားဆွဲဆိုခံထားရသူများက
 ဆိုသည်။
 “ခုက
 ချက်ချင်းတန်းခေါ်ပြီး စစ်ဆေးတဲ့သဘော အဲ့လိုပုံစံမျိုးဆိုတော့ ကျွန်မတို့ 
လက်မခံခဲ့ဘူး။ ရှေ့နေတွေ ဘာတွေ ခေါ်ခဲ့မယ်ဆိုပြီးတော့ ရုံးချိန်းထပ် 
တောင်းခဲ့တယ်။” ဟု မခင်စန္ဒာညွှန့်က ပြောသည်။
 အမှုစွဲထားသည့်
 မြို့နယ် (၁၀) မြို့နယ်သို့ 
သွားရောက်စစ်ဆေးခြင်းထက်အနောက်ပိုင်းတိုင်းခရိုင်၊အ 
ရှေ့ပိုင်းတိုင်းခရိုင်နှစ်ခု ခွဲကာ စစ်ဆေးပေးရန်လည်း တောင်းဆိုထားသည်။
 တရားစွဲခံထားရသူများသည်
 ကိုယ်ပိုင်ခံဝန်ချက်ဖြင့်သာ အာမခံလုပ်ထားမည်ဖြစ်ကြောင်း ရုံးချိန်းတိုင်း 
ကို မပျက်မကွက်လာရောက်မည်ဖြစ်ကြောင်း မလာနိုင်လျှင် လျှော်ကြေးငွေ 
(၃)သိန်းပေးမည်ဆိုသည့် ခံဝန်ချက် လတ်မှတ်ထိုးခဲ့ကြောင်း သိရှိရသည်။
 “ခုအမှုကို
 ရင်ဆိုင်ဖို့အသင့်ပါပဲ။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အရပါဝင်ဖြစ်တယ်။ 
အဲဒီအတွက် ကြောင့် ကိုယ်ပိုင်ခံဝန်ချက်နဲ့ သွားချင်တယ်။ 
ဘာကြောင့်ကိုယ်ပိုင်ခံဝန်လုပ်ရတာဆိုတော့ရှင်းပြတယ်။ ခုရေးနေတယ်။ 
ကိုယ်ပိုင်ခံဝန်ချက် စာချုပ်ထပ်ချုပ်ရမယ်။ 
ရုံးချိန်းခေါ်တိုင်းလာပါ့မယ်ဆိုတာ။ ဖောက်ဖျက်လာလို့ရှိရင် 
လျှော်ကြေးဘယ်လောက်လောက် ပေးပါ့မယ်
ဆိုတဲ့အကြောင်း ဒါကိုယ်ပိုင်ခံဝန်ချက်ရဲ့
 သဘောသဘာဝပါ။”ဟု ကိုဂျော်ဂွန်းက ပြောသည်။
 အဆိုပါ
 တရားစွဲခံထားရသူများသည် ဆန္ဒမထုတ်ဖော်ခင်တွင် 
ခွင့်ပြုမိန့်တောင်းခဲ့ကြောင်း ခွင့်ပြုမိန့် အား မခိုင်လုံသည့် 
အကြောင်းပြချက်များဖြင့် ပယ်ချခံခဲ့ရကြောင်း ၄င်းတို့က ဆိုသည်။
 “ငြင်းပယ်တဲ့နေရာမှာပေးထားတဲ့အကြောင်းပြချက်တွေကလည်း
 လမ်းပိတ်ဆို့မှာစိုးတယ်။ ပြည်သူတွေ အနှောက် အယှက်ဖြစ်မှာစိုးတယ်။ 
အထိဂရုန်းတွေဖြစ်မှာစိုးတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးတယ်။”ဟု ကိုမိုဃ်းသွေးက ပြောသည်။
 နေပြည်တော်
 ဆန္ဒထုတ်ဖော်သည့် အဖွဲ့အား ဦးဆောင်သည့် ကိုဂျော်ဂွန်းနှင့် 
မစပယ်ဖြူတို့အား ဒဂုံမြို့နယ်တရားရုံးတွင် စက်တင်ဘာလ (၂၈)ရက်နေ့က 
အမှုစတင်စစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထပ်မံ ရုံးချိန်း 
စစ်ဆေးမည်ဖြစ်သည်။
ထွန်းနေအောင်(မြစ်မခ) 

No comments:
Post a Comment