Sunday, October 7, 2012

နယူးဇီလန်နိုင်ငံ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်း အကြောင်း သိရှိနိုင်တော့မည်

Ever November | 10/07/2012 06:19:00 PM | Best Blogger Tips
နယူးဇီလန်နာမည်ကျော်တက္ကသိုလ်ကြီးများဖြစ်သော University of Auckland, Massey University နှင့် AUT University များသို့ ဝင်ခွင့်အတွက်၊ လိုအပ်သည့်ပြင်ဆင်မှုများ၊ သင်ယူနိုင်မည့် ဘာသာရပ် များနှင့် အလုပ်အကိုင်အခွင့်အလမ်း များအား   မြန်မာနိုင်ငံသားများအနေဖြင့်ရရှိနိုင်တော့မည်ဖြစ်သည်။
 
မတူညီသည့် ပညာရေးစနစ်များကြောင့် မြန်မာကျောင်းသားများအနေဖြင့် အဆိုပါတက္ကသိုလ်ကြီး များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိရန် ခက်ခဲလေ့ရှိပြီး၊ ယခုအခါ၊ ၄င်းတက္ကသိုလ်ကြီး များအပါအ၀င်၊ အင်္ဂလန်၊ အမေရိကန်နှင့် သြစတြေလျရှိ တက္ကသိုလ်များသို့ ပါလျှောက် ထားနိုင်သော Taylors Auckland Foundation ပရိုဂရမ်မှတဆင့်လျှောက်ထားပါက မြန်မာကျောင်းသားများအတွက် ပိုမို သင့်တော်ကြောင်းကိုလည်း သိရသည်။
 
 “အခုလိုပြောင်းလဲလာတဲ့  မြန်မာနိုင်ငံရဲ့  အခြေအနေတွေကြောင့်  အနောက်နိုင်ငံကတက္ကသိုလ် တွေအနေနဲ့   မြန်မာကျောင်း သားတွေကို လက်ခံခေါ်ယူဖို့ပိုမိုစိတ်ဝင်စားလာကြပါတယ်၊၊ အခုဆို ရင်လဲ ဒီ Taylors Auckland Foundation Year ပရိုဂရမ်ကို မြန်မာကျောင်းသားတွေအတွက် Singapore-UK-Australia-New Zealand ပညာရေးပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေး မှာဖြစ်ပါတယ်၊၊ အဲဒီအစီအစဉ်မှာ  နယူးဇီလန်နိုင်ငံပညာရေးအကြောင်း၊ကျောင်းပြီး အလုပ်အကိုင် အခွင့် အလမ်းများအကြောင်းတွေနဲ့ ပတ်သက်ပြီး၊ နယူးဇီလန်က တာဝန်ရှိသူကိုယ်တိုင် လာရောက် ရှင်းလင်း ပြောကြားပေးမှာဖြစ် ပါတယ်”  ဟု ပညာရေးပွဲစီစဉ်သည့် CROWN Educationမှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောသည်၊၊
 
အောက်တိုဘာလ (၂၇)ရက်နေ့ Summit Parkview Hotel Singapore-UK-Australia-New Zealand ပညာရေးပြပွဲတွင် အဆိုပါ တက္ကသိုလ်များက ပထမဆုံးအကြိမ် လာရောက်ရှင်းလင်း ပြောကြားပေးမည်ဖြစ်ကြောင်း   ပညာရေးပြပွဲစီစဉ်သည့် CROWN Educationမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊၊
 
အဆိုပါ ၀င်ခွင့်ပရိုဂရမ်ကို နယူဇီလန်နိုင်ငံ TaylorsCollege, Auckland Campus တွင် Taylors Auckland Foundation Year (TAFY) ကို (၉) လ တက်ရောက်ရမည်ဖြစ်ပြီး၊ အင်္ဂလိပ်စာ အပါအ၀င်၊ Math, Accounting, Economics, Computer Science, Biology, Chemistry, Physics, Art, Classical Studies, Geography ဘာသာရပ်များ မှ မိမိတို့ တက်ရောက်လိုသည့်တက္ကသိုလ်နှင့် အထူးပြုဘာသာရပ်ပေါ်တွင်မူတည်၍ (၄)ဘာသာကို ရွေးချယ်သင်ယူရမည်ဖြစ်ပါသည်၊၊
 
ဝင်ခွင့်လိုအပ်ချက်အနေဖြင့် မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသူများ နှင့် IELTS 5.5 ရရှိထားသူများ လျှောက်ထားနိုင်ပြီး၊ ကုန်ကျစရိတ်များနှင့် ဘာသာရပ်ဆိုင်ရာ ရွေးချယ်မှု့များနှင့် ပတ်သက်၍ အောက်တိုဘာ(၂၇)နေ့ ပညာရေးပြပွဲ၌၄င်း၊ ဖုန်းနံပါတ် 09 732 732 77 နှင့် 09 5085 185 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်၊၊
မြစ်မခ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1