Sunday, October 7, 2012

ဂျိုဗီတစ်အား ယူရိုသန်း (၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည့် မန်စီးတီး

Ever November | 10/07/2012 06:16:00 PM | Best Blogger Tips
မန်စီးတီး အသင်းမှ ယူရိုသန်း (၃၀)ဖြင့် ခေါ်ယူရန် စီစဉ်နေသည့် ဂျိုဗီတစ်

မန်စီးတီး အသင်းသည် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ဖီအိုရင်တီးနား တိုက်စစ်မှူး ဂျိုဗီတစ်အား ယူရိုသန်း (၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
မန်စီးတီး အသင်းသည် ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းကလည်း ဂျိုဗီတစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး ဖီအိုရင်တီးနား အသင်း၏ ကန့်ကွက်မှုကြောင့် မခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဂျိုဗီတစ်အား နောက်နှစ်ရာသီတွင် ပြောင်းရွှေ့ခွင့် ပြုရရန် ရှိနေသောကြောင့် ဖီအိုရင်တီးနား အသင်းမှ ယခု ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလအတွင်း ၎င်းအား ရောင်းချဖွယ် ရှိနေသည်။ မန်စီးတီး အသင်းသည် ဂျိုဗီတစ်အား ခေါ်ယူရန် အတွက် စီးရီးအေ ထိပ်တန်းကလပ် ဖြစ်သော ဂျူဗင်တပ် အသင်းနှင့် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1