Saturday, October 6, 2012

မြန်မာ-ဘရူနိုင်းပွဲစဉ်တွင် မြန်မာမှ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ

Ever November | 10/06/2012 11:12:00 AM | Best Blogger Tips

အောက်တိုဘာ၅ရက်နေ့တွင်ယှဉ်ပြိုင်ကစားသွားခဲ့သည့်ပွဲစဉ်တွင် မြန်မာအသင်းကပိုကံကောင်းခဲ့သည်ဟု
ဘရူနိုင်းအသင်းနည်းပြခွန်အိုစွန်ကပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

၂၀၁၂ အာဆီယံဆူဇူကီးဖလားခြေစစ်ပွဲစဉ်တွင် ဘရူနိုင်းအသင်းသည် အိမ်

ရှင်မြန်မာအသင်းအား အပြန်အလှန်ကစားသွားနိုင်ခဲ့ကာ ပွဲချိန် ၈၃ မိနစ်တွင်မှ တစ်ဂိုးတည်းဖြင့် ကပ်ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် မြန်မာအသင်းက ပိုကံကောင်းခဲ့ပြီး ဘရူနိုင်းအသင်းမှာ ကံမကောင်းခဲ့ကြောင်း ကိုရီးယားလူမျိုးဘရူနိုင်းအသင်းနည်းပြဆရာက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာကလည်း ဘရူနိုင်းအသင်းမှာ ထင်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း၊မြန်မာနောက်တန်းကစား သမားများမှာ ဘရူနိုင်းကစားသမားများကို တစ်ဦးချင်းမယှဉ်နိုင်ခဲ့ဘဲ ခေါင်းတိုက်ဘောများတွင် အားနည်းခဲ့ကြောင်း၊သို့သော် အနိုင်ရလဒ်ရရှိခဲ့သည့် အတွက် ကျေနပ်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာအသင်းတွင် ဒဏ်ရာရရှိနေသော တိုက်စစ်မှုးရန်ပိုင်နှင့်ကျော်ကိုကိုတို့မှာ ပါဝင်နိုင်ခြင်းမရှိသောကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရပြီး နောက်တန်းကစားသမားရန်အောင်ဝင်း၏ တစ်လုံးတည်းသော ဂိုးဖြင့်သာ အနိုင်ရရှိခဲ့သည်။ အဆိုပါခြေစစ်ပွဲစဉ်၏ ဒုတိယပွဲစဉ်များကို အောက်တိုဘာလ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် မြန်မာနှင့်တီမော၊ဒုတိယပွဲစဉ်အဖြစ် လာအိုနှင့်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် တီမောအသင်းနှင့် အုပ်စုတွင်း၌ တွေ့ဆုံးခဲ့ဖူးပြီး တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ဖူးသည်။

ခြေစစ်ပွဲပထမပွဲစဉ်များအပြီးတွင် တီမောအသင်းက မြန်မာအသင်းနှင့် ရမှတ်သုံးမှတ်စီတူညီနေသော်လည်း ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာမှ ဦးဆောင်ထားသည်။ ယနေ့ကျင်းပခဲ့သည့် ပထမပွဲစဉ်တွင် တီမောအသင်းက ကမ္ဘောဒီးယားအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
7 Day News facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1