Saturday, October 6, 2012

ဂျပန်အနောက်တောင်ပိုင်း ရေပြင်တွင် ကုန်တင်သင်္ဘောမီးလောင်

Ever November | 10/06/2012 03:18:00 PM | Best Blogger Tips

တရုတ်နိုင်ငံသား ခုနစ်ဦးအပါအ၀င်သင်္ဘောသားကိုးဦးလိုက်ပါလာသည့်ကမ္ဘောဒီးယားမှတ်ပုံတင်ထားသည့် ကုန်တင်သင်္ဘောတစ်စင်းသည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာစီရင်စု ကီတတ်ကျူရှူး ကမ်းလွန်တွင် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ HAODA-6 အမည်ရှိ အဆိုပါ ကုန်တင်သင်္ဘောသည် ဖူကူအိုကာစီရင်စု အိုဆာကာမြို့ကမ်းခြေ အရှေ့မြောက်ဘက် နှစ်ကီလိုမီတာအကွာရှိ ရေပြင်တွင် ယင်းနေ့ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းကုန်တင်သင်္ဘော၏ ဘေးအန္တရာယ်ကျရောက်မှုကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ သတင်းရရှိပြီးနောက် ကုန်တင်သင်္ဘောကို ကယ်ဆယ်ရေးဆောင်ရွက်ရန် ကင်းလှည့်ရေယာဉ်အချို့ စေလွှတ်ပေးပို့ခဲ့သည်ဟု သိရသည်။ ယင်းမီးလောင်မှုကြောင့် အပျက်အစီးမည်မျှရှိသည်ကို ထုတ်ပြန်ပေးခြင်းမရှိသေးပေ။ ၄င်းကုန်တင်သင်္ဘောသည် သံထည်ပစ္စည်း တန် ၉၈၀ ကို တင်ဆောင်လာပြီး ဂျပန်အရှေ့ပိုင်း ချီကာဆိပ်ကမ်းမှ တရုတ်နိုင်ငံ နင်ဘိုဆိပ်ကမ်းသို့ ဦးတည်မောင်းနှင်လာချိန်တွင် ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1