Friday, October 19, 2012

ဘေးလ်ကို ရီးယဲလ်တွင် လာကစားရန် မိုဒရစ် ဖိတ်ခေါ်

Ever November | 10/19/2012 09:51:00 AM | Best Blogger Tips

တော့တင်ဟမ် ဟော့စပါး အသင်းဖော်ဟောင်း ဂါရတ်သ်ဘေးလ်အား ရီးယဲလ်မက်ဒရစ်တွင် မိမိနှင့် လာရောက် ပူးပေါင်းပါရန် လူကာ မိုဒရစ်က ဖိတ်ခေါ်လိုက်သည်။
ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ကစားသမား မိုဒရစ်သည် နွေရာသီ အပြောင်းအရွှေ့ ကာလက စပါးကို စွန့်ခွာပြီး ဘာနေဗျူးသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၎င်းက ဝေလလက်ရွေးစင် ဘယ်တောင်ပံ ကစားသမား ဘေးလ်သည်လည်း ရီးယဲလ်ဂျာစီနှင့် ထိုက်တန် ပြည့်စုံသူဟု ချီးကျူး ပြောဆိုခဲ့သည်။ ကလပ်အသင်း ကစားဖော်ဟောင်း နှစ်ဦးသည် ပြိုင်ဘက်များအဖြစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပြန်လည် ဆုံတွေ့ခဲ့ပြီး ထိုပွဲစဉ်တွင် မိုဒရစ်၏ ခရိုအေးရှား အသင်းက (၂-၀)ဖြင့် အနိုင်ရခဲ့သည်။
မိုဒရစ်က "ဘေးလ်နဲ့ ပြန်ဆုံပြီး ပြိုင်ဘက်အဖြစ် ကစားရတာ နှစ်သက်စရာပါ။ သူဟာ တကယ့် ထိပ်တန်းမှ ထိပ်တန်းဆိုတဲ့ ကစားသမားမျိုးပါ။ စပါးမန်နေဂျာဟောင်း ဟယ်ရီရက်နပ် သူ့ကို ချီးကျူးခဲ့တဲ့ စကားအားလုံး မှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ သူသာ ရီးယဲလ်ကို ရောက်လာပြီး ကျွန်တော်တို့နဲ့ အတူကစားရင် သိပ်ကောင်းမှာပါ။ ဘေးလ်မှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။
ရီးယဲလ်အဆင့်မှာကစားဖို့လုံလောက်တဲ့ကျွမ်းကျင်မှုတွေလည်း ပြည့်စုံပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ကျွန်တော်ကတော့ ဘေးလ်ကို ရီးယဲလ် ပြောင်းစေချင်တယ်။ ဒီအချက်က သူ့ကို ပိုပြီး ကောင်းမွန် ပြည့်စုံစေမှာပါ။ ဘေးလ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ တစ်ဖက်စီ ရှိနေတဲ့ တောင်ပံ တိုက်စစ်ကို စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တောင်ပံလူတွေလို့ ယုံကြည်ထားပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1