Friday, October 19, 2012

ကိုရီးယားဖျော်ဖြေရေး ခရီးစဉ် အတွေ့အကြုံတွေ ပြောပြတဲ့ ဝါဆိုမိုးဦး

Ever November | 10/19/2012 11:28:00 AM | Best Blogger Tips

စက်တင်ဘာလ ၂၈ရက်နေ့က ကိုရီးယားနိုင်ငံ ကို ဖျော်ဖြေရေး ထွက်ခွာ သွားခဲ့တဲ့ ဝါဆိုမိုးဦးက အောက်တိုဘာလ ၅ရက်နေ့ မှာတော့ မြန် မာနိုင်ငံ ကို ပြန်လည်ရောက်ရှိ လာပါတယ်။ ကိုရီးယားနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ဖျော်ဖြေခဲ့ပြီး ပွဲမှာလည်း ပရိသတ်တွေနဲ့ အပေးအယူ မျှ ခဲ့ ကြောင်းပြော တဲ့ ဝါဆိုမိုးဦးက “ကိုရီးယားမှာ တစ်ပွဲဖျော်ဖြေခဲ့တယ်။ ပရိသတ်တွေ ကလည်း ဝါဆိုတို့ အနုပညာရှင်တွေကို တအား အားပေးကြ တယ်။ ကိုရီးယားမှာရှိတဲ့ မြန်မာလူမျိုးတွေက တအားနွေးထွေးတယ်။ ပွဲမှာ လည်း မြန်မာပရိသတ်တွေနဲ့ တွေ့ခဲ့ရတယ်။ ပရိသတ်တွေနဲ့လည်း ဝါဆိုတို့အပေးအယူ မျှခဲ့တဲ့အတွက် ပွဲပြီးသွားတာတောင် မသိလိုက်ရဘူး။ တအား အားပေးကြပါတယ်” လို့ ပြောပါတယ်။ဖျော်ဖြေ ပွဲ အပြီးမှာတော့ ကိုရီးယားနိုင်ငံမှာရှိတဲ့ နေရာအနှံကိုလည်း သွားရောက်ခဲ့ပြီး နာ မည်ေ ကျာ်ကြား တဲ့ ကိုရီးယားနိုင်ငံရဲ့ KBS ရုပ်သံလိုင်း ကိုလည်း သွားေ ရာက်ေ လ့ လာ ဖြစ်ခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်နေလို့ KBS ရုပ်သံဌာန ဖွဲ့စည်းပုံ အနေအထားကိုသာ လေ့လာဖြစ်ခဲ့ကြောင်းနဲ့ ကိုရီးယားမှာရှိတဲ့ အထင်က ရ နေရာတွေကို ရောက်ဖြစ် ခဲ့ကြောင်းပြောတဲ့ဝါ ဆိုမိုးဦးက “ပွဲပြီး တဲ့ နော က်နေ့ မှာတော့ ပွဲစီစဉ်သူတွေက ဝါဆိုတို့ကို ဆိုးလ်မြို့မှာရှိတဲ့ အမြင့်ဆုံး တာ ဝါကို လိုက်ပို့ပေးတယ်။ သူတို့ရဲ့ တိုင်းရင်း သားကျေး ရွာ၊နန်းတော် ကြီးတို့ကို ရောက်ခဲ့တယ်။ တီဗီမှာမြင်တွေ့နေ တဲ့ နေရာ အားလုံး ကို လည်း ဝါဆိုတို့ရောက်ခဲ့တယ်။ ပွဲပြီးတော့ကျန်တဲ့ ၄ရက်ကို ပွဲစီစဉ်တဲ့ သူတွေ က ပိုက်ဆံအကုန်ခံပြီးတော့ လိုက်ပို့ပေးတယ်။ အမှန် ဆိုရင် သူတို့နဲ့ ဘာမှမဆိုင်ဘူး။ သွားချင်ရင် ဝါဆိုတို့ ကိုယ့်ဘာသာကိုယ် သွားရ မှာ။ နေရာလည်း အစုံရောက်ခဲ့တယ်။ ကမ်းခြေတွေ လည်းရောက်ခဲ့ တယ်။ ရေလည်း ကူးခဲ့တယ်။ ရှောပင်းစင်တာတွေလည်း သွားခဲ့တယ်။ ဟိုတယ်ကို ည၁၁နာရီ လောက်မှ ပြန်ရောက်ကြတာ”လို့ ပြော ပါတယ် ။ အောက်တိုဘာ လကုန်မှာလည်း မိသားစုနဲ့အတူအပန်းဖြေ ခရီးစဉ် အဖြစ် ချောင်းသာကို သွားရောက်မှာ ဖြစ်ကြောင်းလည်း ဝါဆိုမိုးဦး က ပြော ပါတယ်။

ဝဿန်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1