Sunday, October 7, 2012

"ရန်ကုန်တက္ကသိုလ် အနုပညာအသင်း အကြောင်း ဆောင်းဦးလှိုင် ဖွင့်ဟ"

Ever November | 10/07/2012 10:10:00 AM | Best Blogger Tips

သီချင်းအေးအေးလေး နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိပြီး အနုပညာလော ကမှာ သာမက ပညာရေး လောကမှာလည်း အောင်မြင်ခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင် နဲ့ ခင်စံပယ်ဦး တေးသံသွင်း စတူဒီယိုမှာ တွေ့ဆုံခိုက် ရန်ကုန်တက္ကသိုလ် အနုပညာအသင်း နှင့် Victorious Entertainment Group တို့ ပူးပေါင်း ကျင်းပမယ့် “လွမ်းဆွတ် တမ်းတ တက္ကသိုလ်ဘဝ” ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ သီဆိုဖြစ်ခဲ့ ပုံနဲ့ ပတ်သက်ပြီး “ရန်ပုံငွေပွဲတော်တော် များများ မှာ သီဆို ဖြစ်ခဲ့ပေမယ့် ဒီပွဲကတော့ ထူးခြားတယ်။ အသက်ငယ် သွားသလို ခံစားရ တယ်လေ။ တကယ်ကို ကျောင်းနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ် ဇာတ်လမ်း၊ လွမ်းစရာ၊ ပျော်စရာတွေကို ပြန်လည်တမ်းတ ကြမှာပါ။ ဘဝမှာ ကျောင်းသားဖြစ်ခဲ့တဲ့ ဘဝက အပျော်ဆုံးပဲ။ ၁၉၈၈ ခုနှစ်မှာ ဆေးကျောင်း ပထမနှစ် တက်တယ်။အရေး အခင်း ဖြစ်တော့ ကျောင်း တွေ ပိတ်ခဲ့ရတယ်။ ဆေးတက္ကသိုလ်ကျောင်း ပထမနှစ်က ပြည်လမ်းလိပ်ခုံးမှာ တက်ခဲ့ရတယ်။ အဓိပတိလမ်း နဲ့လည်း နီးတယ်လေ။ ပင်မ ကျောင်းဝင်းထဲမှာ မတက်ခဲ့ ရပေမယ့် အမြဲလိုလို ရောက်ဖြစ်တယ်။ ၁၉၈၈မှာ ကျောင်းပိတ်သွားတော့ ဘဝတော်တော်များ များ ယိုယွင်း သွားကြတယ်။ ဖြစ်ချင်တဲ့ မျှော် လင့် ချက်တွေ၊ ဖြစ်သင့်တဲ့ ဘဝကံတွေရယ်၊ အိပ်မက်မက်ခဲ့ဖူးတဲ့ ပျော်စရာတွေ တစ်ပွေ့ တစ်ပိုက်ပျက် သွားခဲ့ကြရတယ်။ တချို့ဆို နယ်ပြန်၊ အိမ်ပြန်။ နောက်ကျောင်း ပြန်ဖွင့်ပေးမယ့် မတွေ့ကြတော့ဘူး။ ကျွန်တော်က ဆေးကျောင်းတက်တော့ ကျောင်းပိတ်ရင် ဆရာဝန် ဖြစ်ရမယ့် ကျွန်တော်ဟာ ကျွန်တော် ဝါသနာပါတဲ့ အနုပညာ အလုပ် ကို ရွေးချယ် လုပ်ဖြစ်သွားတယ်။ ကျောင်းပြီး ဘွဲ့ရပေမယ့် ကျွန်တော်ချစ်တဲ့ အနုပညာ အလုပ်ကိုပဲ ဆက် လုပ်ဖြစ် သွားတယ်။ ကျောင်းသား အမှတ် တရကတော့ ဂျပ်ဆင်ရယ်၊ RC ရယ်၊ သစ်ပုပ် ပင်ရယ် တကယ်ကို လွမ်းစရာတွေပါ။ တက္က သိုလ်မှာ ဖြစ်ပျက် တဲ့ အရာတွေကို ဇာတ်လမ်း သဖွယ်ရေးဖွဲ့ သီကုံးထားတဲ့ စာတွေ ဖတ်ဖြစ် တယ်။ အဲဒီတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ အမှတ်တရ တွေလည်း ရှိခဲ့တယ်။ အဲဒီနေရာတွေဆို ခုချိန်မှာ အိုမင်းဟောင်းနွမ်း သွားပေမယ့် ကျွန်တော်တို့ ကျောင်းသားတွေ ရင်ထဲမှာ အမြဲသစ် လွင်နေမှာပါ။ ကျွန်တော်တို့တွေ အားလုံးအိုမင်းပြီး မရှိတော့ရင်တောင် သူ့ရဲ့ သမိုင်းကတော့ အမြဲ သစ်လွင်နေမယ် ဆိုတာ ယုံတယ်။ ဒီသမိုင်းတွေ ဟာ ဘယ်လိုပဲ ဖျက်ဖျက် ဖျက် လို့မရတဲ့ အမှတ်တရတွေပါ” လို့ပြောပြခဲ့ ပါတယ်။

ရန်ကုန် တက္ကသိုလ် အနုပညာအသင်းနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “အနုပညာ ဝါသနာရှင်တွေ ခိုလှုံရာ ဖြစ်သလို၊ အနုပညာရှင် ကောင်းတွေ မွေးထုတ်ပေး တဲ့နေရာ ဖြစ်တယ်။ ရန်ကုန် အနုပညာ အသင်းဟာ သမိုင်းကောင်း အနေနဲ့နဲ့ တည်ရှိသလို၊ နောင်လည်း ဂုဏ်သတင်း မွှေးတဲ့သမိုင်းကောင်းနဲ့ တည်ရှိနေမှာပဲ။ အနုပညာ ရှင်တွေက ဒီအသင်းကို ပြန်ပြီး တော့ အရင်ကလိုသာ ခိုလှုံခွင့် အရင်ကလို ကြည်နူးခွင့်၊ ပျော်ရွှင်ခွင့်၊ ကြိုးစားခွင့် ရခဲ့မယ် ဆိုရင် အနုပညာလောက ဒီ့ထက်ပိုပြီး တိုး တက်လာမယ်။ နိုင်ငံတကာကို မရောက်ဘူး လို့ မပြောနိုင်ဘူး။ မြန်မာမှာလည်း ကြိုးစားခွင့် ကြိုးစားမှု ရှိရင် အောင်မြင်မှုတွေက ရှေ့မှာ အများကြီးကို ရလိမ့်မယ်လို့ ယုံကြည်တယ်”လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1