Sunday, October 7, 2012

မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

Ever November | 10/07/2012 09:44:00 AM | Best Blogger Tips
တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ
ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေနတ် အတုဖြင့်စစ်တပ်မှအရာရှိဟန်ဆောင်ကာကားနှင့်ငွေလိမ်လည်တောင်းသူအားဖမ်းမိခဲ့ကြောင်း သိရပါတယ်။

ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီးအမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။

ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ
အမှုအတွက်လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့ရဲအုပ်တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစော
ရင်မှ သတင်းပို့ပြောပြ ခဲ့တာကြောင့်အထက်ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။

 အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော်မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်းသွားပါတယ်။

 ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။

ည ၈ နာရီလောက်မှာတစ်ခေါက်ပြန်လာပြီးအိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။

ကျွန်မလည်းခင်ပွန်းသည်အမှုအတွက်အဆင်ပြေမယ်ထင်ပြီးသူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးခဲ့
တာပါလို့   ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
   တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာသွားရောက်စောင့်ဆိုင်းနေစဉ်ပါရာဒိုကား(နံ့သာရောင်)ဖြင့်လူ၃ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်
အိမ်အတွင်းသို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။

၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
ရှမ်းသတင်းစဉ်  

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1