Saturday, October 6, 2012

ကမ္ဘာ့စားအုန်းဆီ ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံ အင်ဒိုနီးရှား ထိပ်ဆုံး၌ ဆက်လက်ရပ်တည်

Ever November | 10/06/2012 02:56:00 PM | Best Blogger Tips

မလေးရှားနိုင်ငံ ကမ္ဘာ့စားအုန်းဆီ တင်ပို့မှုအခွန်နှုန်းထားများကို လျှော့ချလိုက်ပြီး စားအုန်းဆီ ပြည်ပတင်ပို့မှု တိုးမြှင့်ရန် စီစဉ်ခဲ့ပြီးနောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံည် ကမ္ဘာ့စားအုန်းဆီ အများဆုံး တင်ပို့သော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် မကြာမီက စားအုန်းဆီ ပြည်ပတင်ပို့မှုကို အခွန် ၂၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံက လွန်ခဲ့သည့် သုံးနှစ်တာ ကာလကပင် စားအုန်းဆီ ပြည်ပတင်ပို့မှု အခွန်နှုန်းများကို လျှော့ချခဲ့ပြီးဖြစ်ရာ စားအုန်းဆီ ပြည်ပတင်ပို့မှု ဆက်လက်မြင့်မားနေမည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်၌ ပြည်ပသို့ စားအုန်းဆီတင်ပို့မှု ၇ ဒသမ ၆၂ သန်း တင်ပို့နိုင်မည်ဟု မျှော်မှန်းထားရာ ကမ္ဘာ့စားအုန်းဆီတင်ပို့မှု အများဆုံးဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1