Friday, October 19, 2012

"နိုင်ငံ့အကျိုးနှင့် ရုပ်ရှင် လောက အကျိုးအတွက် ဂျာမနီနိုင်ငံက ဒါရိုက်တာ အတတ်ပညာရှင် တစ်ဦး ခေါ်ယူကာသင်တန်းပို့ချရ ခြင်းဖြစ်ကြောင်း ဦးသူရ(ခ) ဇာဂနာပြောကြား"

Ever November | 10/19/2012 02:26:00 PM | Best Blogger Tips

ရုပ်ရှင်သရုပ်ဆောင် ဦးသူရ (ဇာဂနာ) သည် ၁၉၈၈ခုနှစ်မှ ၂ဝဝ၂ခုနှစ်အထိ ရုပ်ရှင်အစည်းအရုံးက
သူရဲ့ အနုပညာ လှုပ်ရှားမှုကို ပိတ်ပင်ခံခဲ့ရပါတယ်။ နှစ်ရှည် လများ အနုပညာ လှုပ်ရှားမှုတွေ အပိတ်အပင် ခံရပေမယ့် ထောင်မှ လွတ်မြောက်လာပြီး နောက်နိုင်ငံ့အကျိုးနဲ့ ရုပ်ရှင်လောက သားအကျိုး အတွက် အခုချိန်ထိပါဝင် လှုပ်ရှားနေတာကို တွေ့ရပါတယ်။ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင်သင်တန်းမှာလည်း ပါ ဝင်ကူညီထားသူ တစ်ဦးဖြစ်ပြီး ပြည်ပ အတတ်ပညာရှင်များကို ဖိတ်ခေါ် ကာ သင် တန်းပေးဖြစ်တဲ့အပေါ် ဦးသူရက..
"သြဂုတ်လတုန်းက သရုပ်ဆောင် အတတ်ပညာကို သင်ပေးဖို့ ပြင်သစ် က ဆရာတစ်ယောက်ကိုဖိတ်ခေါ် ခဲ့ပါတယ်။ ကျွန်တော် အခုလုပ်နေတာ တွေအားလုံး ကျွန်တော် တစ်ယောက် တည်း အကျိုးအမြတ်ရဖို့ လုပ်တာ မဟုတ်ဘူး။ ကျွန်တော့် တိုင်းပြည် အတွက်၊ ကျွန်တော့်လူမျိုးတွေ အတွက် လုပ်တာပါ။ အထူးသဖြင့် ရုပ်ရှင်လောက နဲ့ ပတ်သက်ပြီး လုပ်တာတွေဟာ အနု ပညာလောက အတွက်ပါပဲ။ ရုပ်ရှင် သရုပ်ဆောင် သင်တန်းတုန်းက တော် တော်လေးကောင်းတယ်။ လာတက်တဲ့ ကျွန်တော်တို့ မျိုးဆက် သစ်တွေ ကလည်း အားရတယ် ပြောကြတော့ ဝမ်းသာတယ်။ ကျွန်တော် တို့ခေတ်က ဒီလို သင်ဆရာမရှိဘဲ ကိုယ့် ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြင်ရကြားရတာနဲ့ လုပ်လာကြတာ လေ။ အခုသူတို့လေးတွေ မြင်ရကြား ရတာအပြင် သင်ဆရာ သင်ပေးတဲ့ အတတ်ပညာ ပါရစေချင်လို့ ခေါ်ပေး တယ်။ အခု လည်း ဒါရိုက်တာအသစ်ထပ်ခေါ်ဖို့ရှိတယ်"လို့ ပြောပြခဲ့ပါတယ်။အသစ်ထပ်ခေါ်မယ့် ဒါရိုက်တာကို ဦးသူရ(ဇာဂနာ)အနေနဲ့ ဘယ် လိုပုံစံမျိုးကို သတ်မှတ်ထားပြီးခေါ်သလဲလို့ မေးကြည့်တဲ့အခါ
"ကျွန်တော်အခုခေါ်မယ့် ဒါရိုက်တာ အတတ်ပညာရှင် ကတော့ ဒါရိုက်တာ လောကမှာ နှစ်တွေပညာတွေစုံနေတဲ့ ဆရာ မျိုးပါ။ ဂျာမနီနိုင်ငံက အတတ် ပညာရှင်ပါ။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော် အပါအဝင်အခု ဒါရိုက်တာ လောကမှာ နာမည်ရ တဲ့ ဒါရိုက်တာတွေ အားလုံး မဟုတ်ရင်တောင် တချို့တစ်ဝက်က သင်ဆရာ လုံးဝကို မရှိဘဲ မြင်ရ၊ ကြားရတာနဲ့ပဲ တက်လာခဲ့ ကြတာလေ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကျွန် တော်တို့ မသင်ခဲ့၊ မသိခဲ့ရတဲ့ ပညာ တွေကို ရစေချင်တယ်။ ပြီးတော့ ရုပ်ရှင်လောက အကျိုးလည်းရှိ လာမယ် ဆိုပြီး လုပ်ပေးဖြစ်တာပါ။ အခု ဂျာမနီနိုင်ငံက ဆရာနဲ့ ညှိနေတယ်။ ဘယ်နေ့ ဘယ်အချိန် သူတို့ပေးနိုင်မှာလဲ။ သေချာရင် ကျွန်တော် ပြန်ပြောပြမှာပါ။ ဒီလိုလုပ်ပေးရတာက ကျွန်တော်တို့ လူကြီးတွေ မရှိတော့တဲ့ အချိန်ကျရင် သူတို့မျိုးဆက်သစ်တွေလည်း လက်ဆင့် ကမ်းတတ်အောင် သင်ပေးတာဖြစ်တယ်။ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို ကျွန်တော်တို့ထက် တော်စေ၊ တတ်စေချင် တယ်။ ကျွန်တော်တို့က မော်ပြီး ကြည့်ရမယ့် လူတော်လူကောင်းတွေ ပဲဖြစ်စေချင် တယ် "လို့ ပွင့်ပွင့် လင်းလင်း ပြောပြခဲ့ပါတယ်။ အခု လတ်တလောမှာ သရုပ်ဆောင် လူရွှင်တော် ဦးသူရ(ဇာဂနာ)ဟာ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်နဲ့ ရခိုင်ဒေသ အရေးကော်မရှင် အဖွဲ့မှာ အောက်တိုဘာလ၁ဝရက်နေ့အထိ ပါဝင်ဆောင်ရွက် ခဲ့ပြီး အောက်တိုဘာလ ၂၁ရက်နေ့ မှာ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် ဇာတ်ညွှန်း ကိစ္စနဲ့ပြည်ပကိုထပ်မံ သွားရောက်မယ်လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1