Tuesday, October 2, 2012

အာဆီယံမစ်ရှင် တရုတ်ထူထောင်

Ever November | 10/02/2012 02:19:00 PM | Best Blogger Tips

တရုတ်နိုင်ငံက အာဆီယံနှင့် ဆက်ဆံမှုအား ကောင်းလာစေရန် ၄င်း၏ အဆီယံဆိုင်ရာ မစ်ရှင်အဖွဲ့ကို ဂျကာတာမြို့၌ ထူထောင်ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အောက်တိုဘာ ၁ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံဆိုင်ရာ မစ်ရှင်ကို ထူထောင်လိုက်ခြင်းဖြင့် မိတ်ကောင်းဆွေကောင်း ပီသကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် အာဆီယံနိုင်ငံများနှင့်အတူ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ အဆိုပါ မစ်ရှင်ထူထောင်ခြင်းသည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ၏ ညှိနှိုင်းမှုတို့ တိုးပွာလာပြီး အနာဂတ်ကာလတွင် အာဆီယံ-တရုတ် မဟာဗျူဟာ ပေါင်းဖော်ဖက်အဖြစ် တိုးမြှင့်သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ဆူရင်ပစ်ဆူဝမ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1