Tuesday, October 2, 2012

ထိုင်းနိုင်ငံတစ်ဝန်း Wi-Fi အခမဲ့သုံးစွဲမှုနေရာများ တိုးချဲ့မည်

Ever November | 10/02/2012 01:53:00 PM | Best Blogger Tips
ထိုင်းနိုင်ငံတစ်ဝန်း Wi-Fi အခမဲ့သုံးစွဲမှုနေရာများ တိုးချဲ့မည်

ထိုင်းနိုင်ငံ၏ သတင်းဆက်သွယ်ရေးနှင့် အသံလွှင့်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အမျိုးသား အသံလွှင့်လုပ်ငန်းနှင့် ဆက်သွယ်ရေးကော်မရှင် (အင်န်ဘီတီစီ)က ငွေကြေးအမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈ သန်း ထောက်ပံ့ပေးမည်ဖြစ်ရာ ထိုင်းနိုင်ငံတစ်ဝန်း Wi-Fi အခမဲ့သုံးစွဲနိုင်မှု စီမံကိန်းကို တိုးချဲ့နိုင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ငွေကြေးများကို ထိုင်းနိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာနသို့ လာမည့် အောက်တိုဘာ ၁၀ ရက်တွင် ပေးအပ်မည်ဖြစ်ကြောင်း အင်န်ဘီတီစီ အထွေထွေ အတွင်းရေးမှူး တာကွန်တန်တာဆစ်က ပြောကြားသည်။ ယင်းငွေကြေးမျာဖြင့် ထိုင်းနိုင်ငံတစ်ဝန်းတွင် လာမည့်သုံးနှစ်အတွင်း Wi-Fi အခမဲ့ သုံးစွဲနိုင်သည့် နေရာသစ်ပေါင်း ၁၅၀၀၀၀ အထိ တိုးချဲ့ပေးနိုင်တော့မည်ဖြစ်သည်။ ထိုစီမံကိန်းအရ ယခု ၂၀၁၂ ခုနှစ်အတွင်း Wi-Fi အခမဲ့သုံးစွဲနိုင်မည့် နေရာသစ် ၃၀၀၀၀ အထိ ထိုင်းနိုင်ငံတစ်ဝန်း တိုးချဲ့နိုင်မည်ဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1