Tuesday, October 2, 2012

ရမ္မက်ဝိုင် အက်ရှင်ဇာတ်ကား အကြောင်း ပြောပြလာသူ ခွန်းဆင့်နေခြည်

Ever November | 10/02/2012 03:07:00 PM | Best Blogger Tips

အက်ရှင် ကားတွေ၊ ဒရာမာ ကားတွေ၊ ဖြစ်ရပ်မှန် ဇာတ်ကား တွေကိုသာ ဦးစားပေး ရိုက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်က ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးတဲ့ “ရမ္မက်ဝိုင်” ဇာတ်ကားမှာ သူထူးစံ၊ မော်ဒယ်သရုပ်ဆောင် အနုပညာရှင်များစွာနဲ့ အတူ သရုပ် ဆောင်ထားပါတယ်။
“ရမ္မက်ဝိုင်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားတဲ့ ကာရိုက်တာ နဲ့ ပတ်သက်ပြီး ပြောလာတာကတော့ “ဘာမှမသိ၊ မတတ်တဲ့ မိန်းကလေး တစ်ယောက်ပေါ့။ ရည်စား ထားမှားသွားတာ။ ကိုယ်ထားလိုက်တဲ့ရည်းစားက လူကုန် ကူးနေ တယ်။ ကိုယ်က ဓားစာခံအလုပ်ခံ လိုက်ရတယ်။ ရည်းစားနဲ့ ပတ်သက်ပြီး အဖမ်းခံလိုက်ရတယ်။ တောထဲကိုဖမ်းသွားပြီး တောထဲ ရောက်တော့ ဝိုင်းနှိပ်စက်ကြတယ်။ နှိပ်စက်ခံရဖန် များလာတော့ ကြမ်းသွားတယ်။ အရင်က နူးနူးညံ့ညံ့နဲ့ ဘာမှမသိတဲ့ မိန်းကလေး တစ်ယောက်က ကြမ်းသွားတဲ့ ပုံစံနေရာကနေ သရုပ်ဆောင်ထား ပါတယ်” လို့ပြောပြီး အက်ရှင်ကား ပုံစံမျိုး ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။
“ရမ္မက်ဝိုင်” ဇာတ်ကားကို အောက်တိုဘာ ၄ ရက်နေ့မှာ ဖြန့်ချိ မှာဖြစ်ကြောင်း သိရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်တဲ့ ပြင်ဦးလွင်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်း “မိုင်တိုင် ၂၆” ဒီဗီဒီကားကို ရုံတင် ပြသ မှာဖြစ်ပြီး အဲဒီကားကို စင်ကာပူမှာ လည်း သွားရောက် ပြသမှာဖြစ်ကြောင်း ခွန်းဆင့်နေခြည်က ပြောပြခဲ့ပါတယ်။ ခွန်းဆင့်နေခြည်က ဟာသတို့၊ ဖန်စီ ကားတို့လို ဇာတ်ကားပုံစံမျိုးက သူနဲ့မလိုက်ဖက်တဲ့ အတွက် မရိုက် ဖြစ်ဘူးလို့ ပြောပြပြီး အက်ရှင်၊ ဒရာမာ ကားတွေ၊ ဖြစ်ရပ် မှန် ကားတွေမှာ သရုပ်ဆောင်ရတာ ကပိုလိုက်ဖက်တယ် လို့ထင်ကြောင်း ကျွမ်းကျင်ရာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးပြောပြခဲ့ ပါတယ်။
သိမ့်သိမ့်
Popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1