Tuesday, October 2, 2012
i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်
Ever November | 10/02/2012 03:10:00 PM | Best Blogger Tips
Apple မှ နောက်ဆုံးထုတ်လုပ်သည့် i-Phone 5 အတွက် နာနို Sim Card များပြုလုပ်ရန်  ပြည်တွင်းရှိ နာမည်ကြီး ဖုန်းဆိုင်အများစုမှ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း  KMD mobile Corner က သိရှိရသည်။
Apple   မှထုတ်လုပ်ထားသော i-Phone 5  တွင် ထည့်သွင်း အသုံးပြုသော ဆင်းကဒ်အမျိုးအစားများမှာ  Nano Sim Card အမျိုးအစား ဖြစ်ပြီးပြည်တွင်း လက်ရှိအသုံးပြုနေသော ဆင်းကဒ်သည် Micro မိုက်ခရို ဆင်းကဒ် အမျိုးအစားဖြစ်သောကြောင့် i-Phone 5 သည် ပြည်းတွင်းတွင် သုံးစွဲနေသော လက်ရှိဆင်းကဒ် အရွယ်အစား နှင့် မတူညီခြင်းကြောင့် တိုက်ရိုက်အသုံးပြု၍ မရသည့် အနေအထားဖြစ်သည်။
ထို့ကြောင့် ၎င်းဆင်းကဒ်များအား i-phone 5 တွင် ထည့်သွင်း အသုံးပြုနိုင်ရေး လိုအပ်သည့် ပြုပြင်မှုများ ပြုလုပ်ပေးမည့် ၀န်ဆောင်မှုများအား ဖုန်းအရောင်းဆိုင်များမှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။
လက်ရှိတွင် Appleကုမ္ပဏီအနေဖြင့် ၄င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်းရှိ အရောင်းဆိုင်များတွင် တရားဝင် ကိုယ်စားလှယ်အဖြစ် ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ယခုလက်ရှိမှာ Internal Memory  ပါဝင်မှုဟာ 16 G နဲ့ 32 G အထိသာ  ပြည်တွင်းသို့ ၀င်ရောက်နေပြီး 64 G  အနေနဲ့တော့ ပြည်တွင်းကို မရောက်ရှိသေးဘူးဟု KMD mobile Corner  မှာ mobile တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းသို့ ယခုလ(၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင်ဝင်ရောက်လျက်ရှိသည်။
လက်ရှိတွင် i-phone 5  ဈေးနှုန်းများမှာ Pre-order  စနစ်ဖြင့် မှာယူမှုပါက 16 G အတွက်ကို  ငွေကျပ် ၈ သိန်း  ၆ သောင်း  ၅ ထောင်နှင့် 32 G အတွက်ကို ငွေကျပ် ၉ သိန်း  ၇ သောင်း  ၅ ထောင် ဈေးနှုန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
ပြည်တွင်း၌ i-phone 5 မှာ ငါးသိန်းနှင့်နှစ်သိန်းတန် GSM ဆင်းကတ်များဖြင့်သာ သုံးစွဲရန်အဆင်ပြေ ပြီး၊ ယခင်(၁၅)သိန်းတန်GSM များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ်လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
 i-phone 5 ရဲ့ ဆင်းကတ်ဆိုဒ်မှာ 1.5 mm ရှိသဖြင့် ၁၅ သိန်းတန် GSM ကဒ်မှလွဲ၍ ကျန်သည့် GSMကဒ်များ အကုန်ထည့်သုံးနိုင်ကြောင်းကိုလည်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1