Monday, October 15, 2012

အမေရိကန်အရှေ့ပိုင်း၌ နျူကလီးယားရေငုပ်သင်္ဘောနှင့် တိုက်သင်္ဘောတစ်စင်း တိုက်မိ

Ever November | 10/15/2012 04:31:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းခြေ၏ ကမ်းလွန်တွင် အောက်တိုဘာ ၁၃ ရက်က အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းနှင့် ဒုံးပျံတိုက်သင်္ဘောတစ်စင်းတို့ မတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်ရေတပ်မှ အောက်တိုဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ သင်္ဘောနှစ်စင်း တိုက်မိသည့်နေရာမှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် နော့ဖို့ဒ်ကမ်းခြေ ကမ်းလွန်၌ဖြစ်သည်။ ယူအက်စ်အက်စ် ဆန်ဂျာစင်တိုသင်္ဘောနှင့် နျူကလီးယားရေငုပ်သင်္ဘော ယူအက်စ်အက်စ်မွန်ပီလီယာတို့ ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲခန့်က မတော်တဆ တိုက်မှုဖြစ်ပွာခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်မိမှုကြောင့် ဆန်ဂျာစင်တိုသင်္ဘောတွင် ထိချုက်ပျက်စီးမှု အနည်းငယ် ဖြစ်ခဲ့သည်။ သို့သော် ယင်းသင်္ဘောပေါ်တွင် တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း အမေရိကန်ရေတပ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ နျူကလီးယားရေငုပ်သင်္ဘော၏ ပယ်ရီစကုပ်ကို တွေ့မြင်သော်လည်း ရှောင်ရှားနိုင်ခြင်း မစွမ်းဆောင်နိုင်ခဲ့ကြောင်း ယူအက်စ်အက်စ်ဆန်ဂျာစင်တိုမှ တာဝန်ရှိသူများက ပြောကြားသည်။ ထိုသို့ မတော်တဆတိုက်မှုနှင့်ပတ်သက်ပီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ လောလောဆယ်တွင် အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1