Monday, October 15, 2012

မြန်မာနိုင်ငံတက္ကသိုလ်များတွင် WiMax အင်တာနက်စနစ်တပ်ဆင်ပေးမည်

Ever November | 10/15/2012 04:37:00 PM | Best Blogger Tips

တစ်ဖက်မှလည်း နိုင်ငံတကာ အသိအမှတ်ပြုကျောင်းများပြန် လည်ဖွင့်လှစ် ရန်ကြိုးစားနေသကဲ့သို့ တစ်ဖက်မှလည်း မြန်မာနိုင်ငံရှိ နည်းပညာကျောင်း သားများသင် ကြားမှုစနစ်ပိုမိုအဆင့်မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် မြန်မာဆက် သွယ်ရေးစာတိုက်နှင့် ကြေနန်း ၀န်ကြီးဌာနမှ Wimax အင်တာနက် စနစ်များတပ်ဆင်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိနည်းပညာ တက္ကသိုလ်များတွင် Wimax အင်တာနက်စနစ်အား တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းကပြောကြားရာတွင်
“ကျွန်တော်တို့နိုင်ငံတော် အတွက် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင် သော လူ့စွမ်းအားအရင်းအမြစ် ရရှိစေဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အောက် မှာရှိနေတဲ့ တက္ကသိုလ်၊ ကောလိပ် အားလုံးကို နိုင်ငံတကာတက္ကသိုလ် တွေရဲ့ Education Network တွေ နဲ့ ချိတ်ဆက်နိုင်စေဖို့ Broadband Education Network ကို ဖိုက် ဘာဆက်ကြောင်းတွေနဲ့ မချိတ် ဆက်နိုင်သေးခင် Wimax အင်တာနက်စနစ်နဲ့ စတင်ဝန် ဆောင်မှုပေးနိုင်ဖို့ သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ မကြာသေးမီကပင် ရန်ကုန်နည်းပညာတက္ကသိုလ်ကို Wimax အင်တာနက်စနစ်စတင် တပ်ဆင်ပေးခဲ့ပြီး မကြာခင်မှာ မန္တလေး နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီတီး) နှင့် မန္တလေးရတနာပုံ တက္ကသိုလ်တွေမှာ Wimax အင်တာနက်စနစ်တွေနဲ့ အင်တာ နက်သုံးပြီး ဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်နိုင်အောင်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင် ICT လူ့စွမ်းအား အရင်းအမြစ် (ICT HRD) ပြုစုပျိုးထောင်ပေး ရေးအပိုင်းမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအောက်မှာရှိနေတဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ ကို ၂၀၁၂-၂၀၁၂ ခုနှစ်စာသင် နှစ်ကစပြီး Centre Of Excellence (COE) အဖြစ်အဆင့်မြင့်တင်ပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ပညာရေးမြှင့် တင်ပို့ဆိုလျှင် အချက် ၂ ချက်ရှိ ပြီး ပထမတစ်ချက်သည်သင် ထောက်ကူပစ္စည်းအစုံအလင်ရှိ ဖို့နှင့် ဒုတိယအချက်သည်သင်ကြား မှုစနစ်ပြောင်းလဲရန်လိုကြောင်း သိရသည်။
The Hot News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1