Monday, October 15, 2012

ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်

Ever November | 10/15/2012 04:43:00 PM | Best Blogger Tips
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ သံဃာတော် များနှင့် လူထု၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ အင်အား ၅၀၀ ခန့်ရှိသော ဆန္ဒထုတ်ဖော်သူ သံဃာတော်များနှင့် လူထုသည် ရွှေတိဂုံ ဘုရား အရှေ့ဘက် မုခ်ရှိ ကြေးသွန်းဘုရားကြီးမှ ဆူးလေသို့ လမ်းလျှောက် ဆန္ဒထုတ်ေ ဖ်ာမည်ဟု သိရသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့် ပြုခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ကန့်ကွက်ခြင်း အပါအ၀င် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ် တကောင်း ဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖက် မှုများအားလုံး ရပ်တန့်စေရေး ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1