Monday, October 8, 2012

"လေယာဉ်မယ်အလုပ်ကို နုတ်ထွက်ပြီး အနုပညာလောက ထဲရောက်လာ သူ ခင်သဇင်"

Ever November | 10/08/2012 12:32:00 PM | Best Blogger Tips

’အိုး..ဟော့တယ်’ ဗီစီဒီနဲ့ ပရိသတ်တွေ သိခဲ့တဲ့ ခင်သဇင်က ‘ကာလာစုံ Lesson’ ဒီဗီဒီ ဇာတ်ကား တစ်ကား ရိုက်ကူးထားပါ တယ်။ ခင်သဇင်က ဒါရိုက်တာဇေပါ ရိုက်ကူး တဲ့ ‘သစ္စာရှင်းတမ်း’ ဇာတ်ကား
မှာတော့ ခန့် စည်သူ၊ မိုးဟေကိုတို့နဲ့ ရိုက်ကူးနေပါ တယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး အကောင်း ဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်ဆိုတဲ့ ခင် သဇင်က…
“ဇင် က ကိုခန့်နဲ့ လွန်ခဲ့တဲ့ ၆နှစ် လောက်ကတည်းက မောင်နှမတွေ လိုပဲ ခင်နေတာ။အဲဒီကတည်းက Valentine Day အတွက် ရတီ ကာဗာ ရိုက် ချင် တယ် ဆိုတာနဲ့ ရိုက်ကြည့်ဖြစ်တယ်။ အဲဒီက တည်းက ကိုခန့်က သ ရုပ်ဆောင်လုပ် ကြည့်ဖို့ တိုက်တွန်းတယ်။ ကိုယ်ကလည်း Air Bagan မှာ လေယာဉ်မယ် လုပ်နေ တယ် ။မော်ဒယ် လည်း မလုပ်ဖူးဘူး။ နောက် အလုပ်က ထွက်လိုက်တော့ စိုင်းစိုင်းနဲ့ ‘အိုး ဟော့တယ်’ ဗီစီဒီ စရိုက်ဖြစ် တယ်။ အဲဒီသီချင်း ကလည်း ပေါက်သွားတော့ အိုး..ဟော့တယ် ခင် သဇင် ဆိုပြီး သိကြပြီး ဓာတ်ပုံတွေ ရိုက်ဖြစ် တယ်။ နောက် စိုင်းစိုင်း ခမ်း လှိုင် နဲ့ ဖွေးဖွေး ဒီဗီဒီရိုက်ဖို့ကမ်း လှမ်းတာနဲ့ ရိုက်ဖြစ်တယ်။ ရိုက်ပြီးမကြာဘူး၊ ကိုခန့်က ဒီကားကိုရိုက်ဖို့ ပြောတာနဲ့ ရိုက်ဖြစ်တာ။ ဇင်က မမိုး(မိုးဟေကို) နဲ့တွဲပြီးလုပ်ရတယ်။ ကိုယ့် ထက် စီနီယာလည်း ကျတော့ ကိုခန့်၊ မမိုးတို့ သင်ပေးတဲ့ အတိုင်း လုပ်မှာပါ။ အကောင်းဆုံး ဖြစ်အောင်လုပ်မှာ ပါ။ ဇာတ် လမ်း စပြီဆိုကတည်းက မမိုးနဲ့ မတည့်တဲ့ သူတွေပေါ့။ ဇင်ရဲ့ ဒုတိယမြော က် ကားဖြစ်တယ်။ အကောင်းဆုံး လုပ်ပေမယ့် အမှားပါခဲ့ ရင် ပရိ သတ်ေ တွ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်” လို့ ပြောပြပါတယ်။ ပရိ သတ်တွေ ဆီက တော်တယ် လို့ မချီးမွမ်းရင် တောင်မဆိုးပါဘူး လို့ သတ်မှတ်တာ ကို လိုချင် ပြီး အနုပညာ အလုပ်ကို လုပ်မယ် လို့ ရည်ရွယ် မထားဘဲ လုပ်ဖြစ်ပေ မယ့်လုပ်နေတဲ့ အချိန် မှာတော့ စိတ်စေတနာ အပြည့်နဲ့ ပရိသတ် အတွက် အကောင်းဆုံးလုပ် သွားမယ်လို့ ခင်သဇင် က ပြောပြ ခဲ့ပါ တယ်။
မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1