Saturday, October 6, 2012

တစ်ကိုယ်တော် အခွေအတွက် အရမ်းစိုးရိမ်နေတယ် ဒီယံ

Ever November | 10/06/2012 10:48:00 AM | Best Blogger Tips

"ကျွန်တော့်ကို တေးရေးဆရာ အဖြစ် ပရိသတ်က ပိုသိကြပေမယ့် ကျွန်တော့်ရဲ့ အဓိကမေဂျာ က အဆိုတော်ပါပဲ။ကျွန်တော် တစ်ကိုယ်တော်ခွေ ထွက်ဖို့ ပြင်ဆင်နေပါပြီ။ ပထမဆုံးတစ်ကိုယ် တော်ခွေနာမည် ကို "လူတန်းစေ့" လို့ပေးထားတယ်။ (၁၀)လပိုင်း (၇) ရက်နေ့ ထွက်မယ်။ ဘုတ်တွေ ထောင်တော့မယ်။ အရင် ဆိုနေကျပုံစံတွေအပြင် Rock ဆန် တဲ့ပုံစံလေးတွေပါမယ်။ အခွေ အတွက်တော့အရမ်းကြောက်နေပါ တယ်။ အရင်သီချင်းတွေ Recording သွင်းတဲ့အချိန်နဲ့ ကိုယ့်တစ် ကိုယ်တော်ခွေအတွက် Recording သွင်းတဲ့အချိန် ဖီလင်ချင်းကမတူ ဘူး။ အရမ်းကိုကြောက်နေခဲ့ပြီး ဆိုခဲ့ရတယ်။ ကားရိုက်တွေပြောထားတာလည်းရှိတယ်။ မသေချာ သေးလို့မပြောချင်သေးဘူး။ အခွေ ကိုကျွန်တော့်အနုပညာကြေးတွေက နေစုပြီး ချွေးနှဲစာလေးနဲ့ ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီးထုတ်ထားတာပါ။ ပိုက်ဆံရှိလို့ထုတ်တာမဟုတ်တဲ့ အတွက် ပရိသတ်ကို အားပေးစေ ချင်တယ်။ သီချင်းတွေက ကမ္ဘာမြေ ကြီးကိုပြောင်းလဲစေနိုင်တယ်ဆိုတာ ကိုလက်ခံပါတယ်။ အရမ်းရိုင်းစိုင်း တဲ့တိရစ္ဆာန်တွေရဲ့စိတ်ကိုတောင်မှ သီချင်းတွေကပျော့ပျောင်းအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ အတွဲ ခွေတွေအတွက် သီချင်းရေးတာ တွေ၊ သီချင်းဆိုတာတွေကိုလည်း တစ်ကိုယ်တော်ခွေနဲ့တိုက်လို့ဆိုပြီး မလျော့စေရပါဘူး။ အားလုံးကို ပုံမှန်အတိုင်းလုပ်ဖြစ်နေပါတယ်။"
MHK
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1