Saturday, October 6, 2012

ပြည်သူ့လွှတ်တော် နှင့် ၀န်ကြီးများ မရိုးသားဟု ထုတ်ဖော်ပြောပြီ

Ever November | 10/06/2012 03:30:00 PM | Best Blogger Tips

၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင် မှ ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိမိတ္ထီလာ ၊ မလှိုင် ၊ ကျောက်ဆည် ၊ သဲတော့ဝမ်းဝ ၊ သာစည် ၊ ယင်းမပင် ၊ ဘုရားငါးဆူ ၊ ရမည်းသင်း ၊ ပျော်ဖွယ် ၊ အစရှိသော မြို့ကြီးများ တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံသော ဆွေးနွေးပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည် မိမိတို့ မရိုးသားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့်လည်း လျှိ့ဝှက်မဲခွဲ ဆုံးဖြတ်ရာတွင် ၎င်း ရှုံးနှိမ့်ခဲ့ရသည့် အတွက် ၎င်းတို့သည်လည်း မရိုးသားကြောင်းယခုကဲ့သို့ပြောဆိုခဲ့သည်။

“နိုင်ငံတော် သမ္မတ ကိုယ် တိုင်ကိုယ် က သိလို့ပြောင်းတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အလားလာကောင်းဖို့လိုတယ် ၊ ပါဝင်ဖို့လိုတယ် ၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က ပြောတယ် ၊ ဒါဟာ တော်တော်လေး အမျှော်အမြင်ရှိတဲ့စကားပါ။ အရင်တုန်းကလို ငါသဘောမကောင်းဘူး ၊ အစိုးရတင်မကပါဘူးဗျာ ၊ သူတို့ ခြေထောက်လည်းထိန်းကျောင်းပေးဖို့ပြောပါတယ်။ ဒီစကားကလည်းနိုင်ငံတော် သမ္မတိုက်ရိုက်ထုတ်လွှင့် တဲ့ မိန့်ခွန်း ကိုပြောတာ အရင် အရင် သမ္မတတွေဆီကတော့ တစ်ခါမှ တော့ မကြားဘူးခဲ့ဘူး ။ အဲဒီလို မကြား ဘူးတဲ့ လူတွေ တွေ့လာလို့ နောက်ဆုံးကျတော့အဖြစ်ဆိုးခြင်း နဲ့ ကြုံပြီး မရှုမလှကျရှုံးရတယ်။ အခု ကျွန်တော်တို့ ပြည်သူတွေကို အသိအမှတ်ပြုတဲ့စကားတွေပြောတယ် လက်တွဲပါပြောတယ်။ အစိုးရ အဖွဲ့တွေကိုတောင် ထိန်းကျောင်းပေးဖို့တောင်ပြောတယ်။ ကောင်းမွန်တဲ့အစိုးရ ၊ ကောင်းမွန်တဲ့ အုပ်ချုပ်
ရေး ၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးစားပါမယ်ပြောတယ်။ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဘာလည်း ၊ ရေချိုးပြီးတော့ ဆပ်ပြာတွေကိုတိုက်ထားတာကိုပြောတာမဟုတ်ဘူး။ မဟုတ်မမှန်းတဇိုးလက်ဆောင် လဘ် လာဘတွေ နဲ့ ငွေမည်းတွေ နဲ့ ချမ်းသာနေတဲ့ အစိုးရမျိုးမဟုတ်ဘူးလို့ပြောချင်တာ ဒါ ရှင်းရှင်းလေး အဲဒီလိုသန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားပါမယ့် ၀ိုင်းဝင်းတည့်မတ်ပေးကျပါလို့ သမ္မတက ကြွေးကျော်
နေတဲ့ အချိန်မှာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကိုကြေငြာကြမည်လို့ မဲခွဲ ဆုံးဖြတ် ကျတော့ ကိုယ်တော်မြတ်များက မထောက်ခံဘူး ၊ တကယ်နော် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ကျွန်တော် သဘောကတော့ ဗျောင်ခွဲဝေချင်တယ်။ မတ်တပ်ထရပ်တာမျိုး ၊ လျှို့ဝှက်မဲခွဲတယ်ဆိုတာ ဒါမရိုးမသားကိစ္စကြီး အများစု ကန့်ကွက်လိုက်တယ် ဆိုတာ မရိုးမသားဆက်လုပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်
ကြီးဟာ ဘယ်နေမလည်း။ တကယ်ရိုးသားပြီး အစစ်ဆေးခံနိုင်တဲ့ ရဲရင့်တဲ့ပြည်သူ့ဘက်တော်သားတွေဟာ ဘယ်သူလဲဆိုတာကွဲပြားအောင် ဗျောင်ခွဲစေချင်တယ်။ ဒါမျိုးက ဗျောင်ခွဲ မှ ကောင်းမှာ။တကယ်တော့ အမှီးအမောက်မတည့်တဲ့အခါ ဘယ်သတ္တ၀ါလည်းဆိုတာပြောရတာတော်တော်လေးခက်ပါတယ်။ သူတို့က အမှန်တကယ်ရိုးသားတယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြရဲရမှာပေါ့ ၊ သူတို့က မရိုးမသားလို့ ပြည်သူ ကိုချမပြရဲတာ´´ဟု ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှပြောကြားခဲ့သည်။

အဆိုပါကဲသို့ အစိုးရ၀န်ကြီးများ နှင့် သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှ ဟိုးအထက်အဆင့်အထိထိ၏ ပိုင်ဆိုင် မှုစာရင်းများသည် မည်မျှရှိသည်မည်ကဲ့သို့မျှခန့်မှန်းခြေတောင်မသိရှိနိုင်ပဲအချို့သောပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အချို့သည် ပါတီထဲမှပြည်သူ့ထဲမှ ထွက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရှိသလို အစိုးရအဖွဲ့ထဲမှပါတီဝင် ပါတီထဲမှ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဖြစ်ကျသလို ၊ ခရိုနီတစ်စုမှ ပါတီဝင် ထိုအထဲမှ ရွေးကောက်ပွဲဝင် ရွေး ၊ ကောက်ပွဲ မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ် စီးပွားရေး ခရိုနီတစ်စုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေခြင်းမှာ လည်း အထက်ကဲသို့ အားနည်းချက်ဖြစ်ကြောင်းသိရှိရသည်။
Hot News Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1