Monday, October 8, 2012

ဇေကမ္ဘာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ တားမြစ်ပေးရန် ဆင်ဖုံကျေးရွာလယ်သမားများတင်ပြ

Ever November | 10/08/2012 12:47:00 PM | Best Blogger Tips

သို့
          နိုင်ငံတော် သမ္မတ
          နိုင်ငံတော်သမ္မတရုံး
          နေပြည်တော်
          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

                                                     ရက်စွဲ ။          ။ ၈ . ၁၀ . ၂၀၁၂
အကြောင်းအရာ ။        ။ ဇေကမ္ဘာကုမ္ပဏီမှ သိမ်းဆည်းရယူသွားသော လယ်မြေများနှင့် ပတ်သက်၍ လယ်သမားများ၏ နစ်နာမှုများ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးပါ၍ တင်ပြတိုင်ကြားခြင်း

မင်္ဂလာဒုံမြို့နယ် ၊ ဆင်ဖုံကျေးရွာ ၊ ဇေကမ္ဘာစက်မှုဇုန်(၂) ၊ ကွင်းအမှတ် ၄၈၈ - ၄၈၆၁၉၉၇ ခုနှစ်တွင် ဆင်ဖုံကျေး ရွာမှ လယ်သမားများပိုင် လယ်မြေဧကပေါင်း (၂၉၀၀)ကျော်ကို ဇေကမ္ဘာကုမ္ပဏီမှ သိမ်းဆည်းရယူသွားခဲ့သည်။ ထိုသို့သိမ်းဆည်းရာတွင် လယ်သမားများ၏ နစ်နာမှုအပေါ် လယ်သမား (၁၅၇)ဦး အား အာဏာပိုင် အဖွဲ့အစည်းမှ ခေါ်ယူ၍ ဇေကမ္ဘာရုံးတွင် အစည်းအဝေးပြုလုပ်ပြီး လယ်သမားများကို တစ်ဧက လျှင် ကရုဏာေ ကြး (၁၀၀၀၀) ပေးမည်ဟု ပြောဆိုပြီး အိုးအိမ်ဦးစီးဌာန အမိန့်ဖြင့် သိမ်းဆည်းရယူ သွားခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဦးခင်ညွန့်(ဗိုလ်ချုပ်ဟောင်း) ၊ ဗိုလ်ချုပ်တင်ဦး ၊ ဗိုလ်ချုပ်ဦးခင်မောင်သန်း ၊ အိုးအိမ် ညွှန်ချုပ် ဦးအံ့ကျော် ၊ တိုင်းကောင်စီအတွင်းရေးမှူး ဗိုလ်ကြီး စံမတူ နှင့်ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ တို့မှ မျက်နှာစုံညီ လယ်သမားများကို အိမ်ခြံကွက် ပေ ၄၀ x ပေ ၆၀ မြေတစ်စီ (၇)ရက်အတွင်းပေးမည်ဟု ကတိပြုခဲ့ပါသည်။
ထိုသို့ညှိနှိုင်းပြောဆိုထားခဲ့သော်လည်း ယခုအချိန်ထိ လယ်သမားများကို ပေးမည်ဟု ပြောဆိုထားသော အိမ်ခြံ မြေကွက်အား ရရှိခြင်း မရှိသေးပါ။ သို့ဖြစ်ပါ၍ ကျွန်တော်တို့လယ်သမားများသည် အိုးအိမ်ဦးစီးဌာန မှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေး အား သွားရောက်တွေ့ဆုံ၍ လယ်သမားများ၏ နစ်နာမှု အပေါ် ပြန်လည်ဆောင်ရွက်ပေးရန် ပြောဆိုခဲ့ပါသည်။ ထို့နောက်ဒုညွှန်ချုပ် ဦးဟန်ချိုဦး နှင့် တွေ့ဆုံခွင့်ရ၍ ဦးဟန်ချိုဦး မှ ပြန်လည်ဆောင်ရွက်ပေးပါမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ မည်သို့မျှ ဆောင်ရွက်ေ ပးခြင်း မရှိသေးပါ။
ကျွန်တော်ဦးစံဝင်းမြင့်သည် မိမိပိုင်လယ်မြေတွင်သာ နေထိုင်လာခဲ့သည်ဖြစ်ရာ ထိုသို့ သိမ်းဆည်း စဉ်က တည်းက ပြန်ပေးမည်ဟူသော အိမ်ခြံကွက် မရသေးသဖြင့် လယ်ထဲတွင်သာ မိသားစုအား လုံး နေ ထိုင်မြဲ ဖြစ် ပါသည်။ မိမိတို့နေထိုင်ရာ မြေကွက်ကို ဇေကမ္ဘာမှ လုပ်ငန်းရှင် တစ်ဦးအား ပြန်လည်ရောင်းချထား ပြီးဖြစ်ရာ ၅.၄.၂၀၁၂ ရက်နေ့မှစ၍ ခြံစည်းရိုး အုတ်တံတိုင်းဝင်ခတ်ပါသည်။ ယခုအချိန်တွင် အဆောက် အဦးများ ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်ရာ တဲအိမ်ကို ခြံစည်းရိုးနှင့် မလွတ်သဖြင့် ဖယ်ရှားပေး ရန်လည်း အကြိမ်ကြိမ်ပြောဆိုလာပါသည်။ ကျွန်တော်တို့မှာ ချပေးမည်ဟူသော အိမ်ခြံကွက် မရမချင်း ပြောင်းရွှေ့ ဖယ်ရှားပေးရန် မဖြစ်နိုင်ကြောင်းဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင် သိမ်းဆည်းခံ ခဲ့ရသော လယ်မြေဧကမှာ စုစုပေါင်း (၁၄)ဧကဖြစ်ပြီး ကျွန်တော်တို့အား ပေ ၄၀ x ပေ ၆၀ မြေတစ် ကွက် ပေးရန်ကို တွန့်တိုသော လောဘကြီး သူဌေးတို့၏ လယ်သမားများအပေါ် နိုင်ထက်စီးနင်းပြုမူမှုကို ထင်ရှားစေ ပါသည်။
လျော်ကြေးပေးလျော်ရာတွင်လည်း ၁၄ ဧကအနက်မှ နွေစပါးလုပ်ထားသော နှစ်ဧကအတွက် ၂၀၀၀၀ ကျပ်သာ ရရှိခဲ့ပါသည်။ ကျန် ၁၂ဧကအတွက် တစ်ပြားတစ်ချပ်မှ မရရှိခဲ့ပါ။ အခြားသော လယ်သမားများ သည်လည်း ကျွန်တော့်နည်းတူပင်ဖြစ်ကြရာ နစ်နာမှုအတွက် ပြန်လည်ဖြေရှင်းပေးနိုင်ရေး လိုက်လံ တောင်း ဆို နေကြဆဲဖြစ် ပါသည်။ လွှတ်တော်မှ ဖွဲ့စည်းလိုက်သော မြေယာဆုံးရှုံးနစ်နာမှုများ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဦးတင်ထွတ်ထံ သို့လည်း (၂၇.၉.၂၀၁၂)ရက်နေ့တွင် လယ်သမား(၂၃၀)မှ နစ်နာမှုများကို စုစည်းတင်ပြပြီးဖြစ်ပါ သည်။
လယ်ယာမြေကိစ္စများတွင် တာဝန်ရှိသူများသည် မိမိတို့လုပ်ကိုင်ပေးရန်ရှိသော တာဝန်ကိုပျက်ကွက်သဖြင့် လယ်သမားများနစ်နာနေခြင်းဖြစ်သည့်အပေါ် အလေးထား၍ ဆောင်ရွက်ပေးကြစေလိုပါသည်။ ကျွန်တော်တို့ ဆုံးရှုံးနစ်နာသူများမှ အကြိမ်ကြိမ်အခါခါ တင်ပြပြောဆိုနေသော်လည်း အလေးထားဆောင်ရွက်ခြင်းမရှိသည့် အတွက် လယ်သမားများ ဆူပူခြင်းဖြစ်နေသည်ဟု ယူဆလာကြပါသည်။ ကျွန်တော်တို့သည် ဆူပူ အုံကြွ၍ တောင်းဆိုလိုခြင်းမရှိပါ။ တာဝန်ရှိသူတို့ကိုယ်တိုင်မှ တာဝန်ပျက်ကွက်ခဲ့သည်အတွက် နိုင်ငံတော် အကြီး အကဲ များ သိရှိနားလည်စေနိုင်ရေး အကြိမ်ကြိမ် ပြောဆိုနေရခြင်းဖြစ်ပါသည်။
မြေယာစုံစမ်းရေးကော်မရှင်မှ လွှတ်တော်အမတ်ကြီးများအား အလေးအမြတ်ထား၍ ပြောဆိုလိုသည်မှာ ကျွန်တော်တို့လယ်သမားများထံမှ လယ်များသိမ်းဆည်းရယူရာတွင် နိုင်ထက်ကလူပြု၍ ဥပဒေမဲ့ လုပ်ဆောင် သွားကြခြင်းသာ ဖြစ်သောကြောင့် ခရိုနီ သူဌေးကြီးများ ၊ ပိုင်ရာ ဆိုင်ရာ သူဌေးများ၏ ပြောဆိုမှုကိုသာ အလေးထား၍ ဆောင်ရွက်ကြမည်ဆိုလျှင် နစ်နာနေမှုများသည် ပြေလည်ရာ ပြေလည်ကြောင်းသို့ ရောက် ရှိ နိုင်မည်မဟုတ်ပါ။
ယနေ့အချိန်ထိလည်း လယ်သမားများ မည်သို့ပင်တောင်းဆိုနေစေကာမူ ဇေကမ္ဘာကုမ္ပဏီမှ တာဝန်မဲ့ မျက်နှာလွဲ ခဲပစ်လုပ်ဆောင်နေဆဲသာ ဖြစ်သောကြောင့် လွှတ်တော်အမတ်ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီကို မည်သို့သော ပုံစံဖြင့် ထိန်းကျောင်းပြုပြင်ကြမည်ကိုလည်း လယ်သမားများမှ မျှော်လင့်နေပါသည်။ အစဉ် အဆက် နိုင်ငံ ၀န်ထမ်းများကိုယ်တိုင်က နိုင်ငံသူနိုင်ငံသား အများစု၏ အကျိုးကို ရှေးရှုဆောင်ရွက်ခြင်းမရှိ ဘဲ သူဌေးတစ်ဦး ကိုသာ ဖေးမ၍ လယ်သမားများကို နှိပ်ကွပ်ခဲ့ကြပါသည်။
ပြောင်းလဲလာပြီးဖြစ်သော နိုင်ငံတော်အုပ်ချုပ်ပုံစနစ်များ ၊ နိုင်ငံခေါင်းဆောင်တို့၏ စိတ်သဘောထား အပြောင်း အလဲများ အများပြည်သူအပေါ် အလေးထားဆောင်ရွက်မှုများ ဖြစ်ပေါ်လာသည့် နိုင်ငံအပြောင်းအလဲတွင် စိုက်ပျိုးရေး ကို အခြေခံ၍ ဟူသော နိုင်ငံတော်ကြွေးကြော်ထားချက်နှင့်အညီ စိုက်ပျိုးထုပ်လုပ်နိုင်စွမ်းရှိသော လယ်သမားများ၏ နစ်နာမှုကို ပြေလည်အောင်ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်တော်တို့ လယ်သမားများ၏ နစ်နာမှုအတွက် နိုင်ငံတော်မှ ပြဌားန်ထားသော ဥပဒေနှင့်အညီ ဆန္ဒဖော် ထုတ်ခဲ့ပြီး လည်း ဖြစ်ပါသည်။ ပြည်သူတို့၏ အရေးအရာကိစ္စများကို ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်ကြီးများ အနေဖြင့် မည်သည့်အတွက်ကြောင့် ပြည်သူတို့ စည်းလုံးစုဝေး၍ ဟစ်တိုင်သဖွယ် တိုင်တည်ပြော ဆိုနေကြသည်ကို လေ့လာကြစေလိုပါသည်။ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးလျှင် ဇေကမ္ဘာ၏ လုပ်ငန်းတိုး ချဲ့ဆောင်ရွက်မှုများကို တားမြစ်ပေးထားစေလိုပါကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
 
ဦးစံဝင်းမြင့်
၁၂/လကန(နိုင်)၀၄၂၃၁၀
ဆင်ဖုံကျေးရွာ ၊ မင်္ဂလာဒုံမြို့နယ်
 
 ဦးမြင့်သိန်း
၁၂/မဂဒ(နိုင်) ၀၅၈၉၇၂
သင်္ဃန်းကျွန်းကြီးကျေးရွာ ၊ မင်္ဂလာဒုံမြို့နယ်
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1