Tuesday, October 2, 2012

ပေကျင်းမြို့အနီး ဘတ်စ်ကားမီးလောင်မှုဖြစ်ပွား

Ever November | 10/02/2012 01:46:00 PM | Best Blogger Tips

တရုတ်နိုင်ငံ ပေကျင်းမြို့အနီး၌ အောက်တိုဘာ ၁ ရက်တွင် ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစ်စီး၏ နောက်မြီးနှင့် ကုန်တင်ထရက်ကားတစ်စီး တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုကြောင့် ဂျာမနီနိုင်ငံသား ငါးဦးနှင့် တရုတ်လူမျိုး ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရပြီး အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်မိသော ဘတ်စ်ကားသည် ပေကျင်းမြို့တွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ဂျာမနီခရီးသွား အဖွဲ့တစ်ဖွဲ့ကို တင်ဆောင်လာရာ နံနက် ၈ နာရီခွဲခန့်တွင် ထျန်းကျင်းမြို့နှင့် မြို့တော်ဆိပ်ကမ်းကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1